နယ်သာလန်က ရုပ်ရှင်ပွဲတော်မှာ ပြသခံခဲ့ရတဲ့အပြင် ယခုတစ်ခါ Clermont Ferrand နိုင်ငံတကာရုပ်ရှင်ပြ ပွဲကြီးမှာပါ ပွဲဦးထွက်ပြသခံခဲ့ရတဲ့ အကယ်ဒမီ မျိုးသန္တာ ထွန်းပါဝင်တဲ့ “ပြေလျော့နွေ” ရုပ်ရှင်ကားကြီး..

နယ်သာလန်က ရုပ်ရှင်ပွဲတော်မှာ ပြသခံခဲ့ရတဲ့အပြင် ယခုတစ်ခါ Clermont Ferrand နိုင်ငံတကာရုပ်ရှင်ပြပွဲကြီးမှာပါ ပွဲဦးထွက်ပြသခံခဲ့ရ တဲ့ အကယ်ဒမီ မျိုးသန္တာထွန်းပါဝင်တဲ့ “ပြေလျော့နွေ” ရုပ်ရှင်ကားကြီး..

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်များကြောင့် ခုချိန်ထိတိုင် ပရိတ်သတ်တွေအကြားရေပန်းစားကျော်ကြားနေတဲ့ အကယ်ဒမီများရှင် မင်း သမီး မျိုးသန္တာထွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ “ပြေလျော့နွေ”ဇာတ်ကားဟာ နယ်သာလန်က Winterthur ရုပ်ရှင်ပွဲတော်မှာ ပြသခံခဲ့ရတဲ့ အပြင် ယခုတစ်ခါ Clermont Ferrand နိုင်ငံတကာရုပ်ရှင်ပြပွဲကြီးမှာပါ ပွဲဦးထွက်ပြသခံခဲ့ရတာဖြစ်ပါတယ်။

ပြေလျော့နွေ ဇာတ်ကား ကိုတော့ လူငယ်ဒါရိုက်တာ တွေ ရိုက်ကူးပုံဖော် ဖန်တီးထားတာဖြစ်ပြီး အဓိကဇာတ်ဆောင်အနေနဲ့ ဝါရင့်မင်း သမီးကြီး မျိုးသန္တာထွန်း က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကိုဖန်တီးပုံဖော်သူတွေထဲကတစ်ဦးဟာလည်း မမျိုးသန္တာထွန်း ကို ဂုဏ်ပြုကြောင်း ၊ သူမ အား တကယ်သတိရလွမ်းဆွတ် နေကြောင်း ရေးသားဖော်ပြခဲ့ပါသေးတယ်။ အဖမ်းဆီးခံ ပြည်သူ့မင်းသမီးကြီး မမျိုးသန္တာထွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ပြေလျော့နွေ ဇာတ်ကားရဲ့ Trailer ကို ပရိတ်သတ်များခံစားနိုင်စေရန် တင်ဆက်လိုက်ရပါတယ်

Advertisement

[zawgyi]




Advertisement


Be the first to comment

Leave a Reply

Your email address will not be published.


*