ညႇင္းေပ်ာက္ေဆးႏွင့္ ဒန႔္ကြၽဲပင္

ညႇင္းေပ်ာက္ေဆးႏွင့္ ဒန႔္ကြၽဲပင္

ညႇင္းသည္ လူအေတာ္မ်ားမ်ား အျဖစ္မ်ားၾက၏။ ဆိုရပါေသာ္ အေရျပားမႈိေရာဂါ ျဖစ္သည္။မိမိအသား အေရာင္ထက္ ပို၍ ျဖဴေနျခင္း၊ ပို၍ ရင့္ေနျခင္းျဖစ္သည္။ အခ်ိန္ၾကာျမင့္လာသည္ႏွင့္အမွ် တျဖည္းျဖည္း ပြားလာတတ္ေလသည္။ ရင္ဘတ္၊ ပါးျပင္၊ ဂုတ္သား၊ ေက်ာျပင္၊ လက္ေမာင္း၊ လည္ပင္းေနရာအႏွံ႔ အကြက္ အကြက္မ်ား ပ်ံ႕ပြားေနတတ္သည္။ ေယာက်ၤား၊ မိန္းမတို႔ ညႇင္းေပါက္၍ အလွေပ်ာက္ၿပီး စိတ္ညစ္သူတို႔ မ်ားၾကသည္။ ႐ုပ္ေလးေတာ့ေခ်ာပါရဲ႕။ ညႇင္းေတြ ေပါက္ေနတာဆိုးတယ္ ဒီလိုမ်ိဳးေျပာတတ္ၾကသည္ကိုး..။

ညႇင္းေရာဂါသည္ Mallassezia ဟုေခၚေသာ မႈိတစ္မ်ိဳးေၾကာင့္ ျဖစ္ပြားသည္ဟု ဆိုပါသည္။နာက်င္မႈ မရွိေသာ္လည္း တစ္ခါတစ္ရံ ယားယံတတ္ပါသည္။ ေခတ္ေပၚေဆးဝါးမ်ား ဝယ္ယူရန္ခက္ခဲသူတို႔အတြက္ ညႇင္းကို ေပ်ာက္ေၾကာင္း ေဆးနည္းေကာင္းေလးအား တင္ျပပါအံ့…။

ဒန္းကြၽဲပင္ေစ့မ်ားကို ေျမအိုးတြင္ မီးကြၽမ္းေအာင္ေလွာ္ၿပီး အမႈန႔္ေထာင္းပါ။ ထိုဒန႔္ကြၽဲမႈန႔္ႏွင့္ ႏွမ္းဆီစစ္စစ္ေလးအား ေရာေမႊၿပီး ညအိပ္ရာဝင္တိုင္း လိမ္းေပးရန္ျဖစ္ပါသည္။ (၁၀)ရက္ တိတိဇြဲရွိရွိေလး လိမ္းေပးပါက ခႏၶာကိုယ္ေပၚမွ ညႇင္းမ်ား ေပ်ာက္ၿပီး ပင္ကိုယ္အလွျပန္၍ ရႏိုင္ပါေၾကာင္း တင္ျပလိုက္ပါသည္။ ႏွမ္းဆီ အခက္ေတြ႕သူတို႔ သံပုရာရည္ျဖင့္ လိမ္းပါရန္။ဒန္းကြၽဲပင္အား ေ႐ႊျမန္မာတို႔ အထူးမိတ္ဆက္ရန္ မလိုပါ။ သိၿပီးအပင္ျဖစ္ပါသည္။

ဒန္းကြၽဲပင္(အရွင္နာဂသိန္ပုံျပေဆးက်မ္းအဆို) အေစ့သည္ ပူ၍ ခါးသက္ေသာ အရသာရွိပါသည္။ အ႐ြက္ကို ဟင္းခ်က္စားျခင္း၊ အေစ့ကို သံပုရာရည္ျဖင့္ ႀကိတ္ၿပီးလိမ္းပါက အေရျပားေရာဂါတို႔ ေပ်ာက္ပါ သည္။ မ်က္စိအတြက္ အေစ့ကို ေသြး၍ကြင္းျခင္း၊ အေစ့ကို က်ိဳၿပီးေသာက္ပါက မ်က္စိပိုးထျခင္း၊ ယားျခင္းကို သက္သာေစပါသည္။ အနာငန္းလိုက္က အေစ့ကို ေသြးၿပီးလိမ္းျခင္း၊ ေသာက္ျခင္းျဖင့္ ေပ်ာက္ ကင္းႏိုင္ပါသည္။

Credit – နကၡတၱေရာင္ျခည္မဂၢဇင္း

(Unicode)

ညှင်းပျောက်ဆေးနှင့် ဒန့်ကျွဲပင်

ညှင်းသည် လူအတော်များများ အဖြစ်များကြ၏။ ဆိုရပါသော် အရေပြားမှိုရောဂါ ဖြစ်သည်။မိမိအသား အရောင်ထက် ပို၍ ဖြူနေခြင်း၊ ပို၍ ရင့်နေခြင်းဖြစ်သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း ပွားလာတတ်လေသည်။ ရင်ဘတ်၊ ပါးပြင်၊ ဂုတ်သား၊ ကျောပြင်၊ လက်မောင်း၊ လည်ပင်းနေရာအနှံ့ အကွက် အကွက်များ ပျံ့ပွားနေတတ်သည်။ ယောင်္ကျား၊ မိန်းမတို့ ညှင်းပေါက်၍ အလှပျောက်ပြီး စိတ်ညစ်သူတို့ များကြသည်။ ရုပ်လေးတော့ချောပါရဲ့။ ညှင်းတွေ ပေါက်နေတာဆိုးတယ် ဒီလိုမျိုးပြောတတ်ကြသည်ကိုး..။

ညှင်းရောဂါသည် Mallassezia ဟုခေါ်သော မှိုတစ်မျိုးကြောင့် ဖြစ်ပွားသည်ဟု ဆိုပါသည်။နာကျင်မှု မရှိသော်လည်း တစ်ခါတစ်ရံ ယားယံတတ်ပါသည်။ ခေတ်ပေါ်ဆေးဝါးများ ဝယ်ယူရန်ခက်ခဲသူတို့အတွက် ညှင်းကို ပျောက်ကြောင်း ဆေးနည်းကောင်းလေးအား တင်ပြပါအံ့…။

ဒန်းကျွဲပင်စေ့များကို မြေအိုးတွင် မီးကျွမ်းအောင်လှော်ပြီး အမှုန့်ထောင်းပါ။ ထိုဒန့်ကျွဲမှုန့်နှင့် နှမ်းဆီစစ်စစ်လေးအား ရောမွှေပြီး ညအိပ်ရာဝင်တိုင်း လိမ်းပေးရန်ဖြစ်ပါသည်။ (၁၀)ရက် တိတိဇွဲရှိရှိလေး လိမ်းပေးပါက ခန္ဓာကိုယ်ပေါ်မှ ညှင်းများ ပျောက်ပြီး ပင်ကိုယ်အလှပြန်၍ ရနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။ နှမ်းဆီ အခက်တွေ့သူတို့ သံပုရာရည်ဖြင့် လိမ်းပါရန်။ဒန်းကျွဲပင်အား ရွှေမြန်မာတို့ အထူးမိတ်ဆက်ရန် မလိုပါ။ သိပြီးအပင်ဖြစ်ပါသည်။

ဒန်းကျွဲပင်(အရှင်နာဂသိန်ပုံပြဆေးကျမ်းအဆို) အစေ့သည် ပူ၍ ခါးသက်သော အရသာရှိပါသည်။ အရွက်ကို ဟင်းချက်စားခြင်း၊ အစေ့ကို သံပုရာရည်ဖြင့် ကြိတ်ပြီးလိမ်းပါက အရေပြားရောဂါတို့ ပျောက်ပါ သည်။ မျက်စိအတွက် အစေ့ကို သွေး၍ကွင်းခြင်း၊ အစေ့ကို ကျိုပြီးသောက်ပါက မျက်စိပိုးထခြင်း၊ ယားခြင်းကို သက်သာစေပါသည်။ အနာငန်းလိုက်က အစေ့ကို သွေးပြီးလိမ်းခြင်း၊ သောက်ခြင်းဖြင့် ပျောက် ကင်းနိုင်ပါသည်။

Credit – နက္ခတ္တရောင်ခြည်မဂ္ဂဇင်း

Comments are closed.