
မိန်မိန်းခွင့်ပြုလိုက်လို့ ရင်ဘက်ပေါ်မှာ tattoo ထိုးခွင့်ရသွားပြီး tattooပုံလေးကို ဖော်ပြလိုက်တဲ့ ရွှေထူး

ပရိသတ်ကြီးရေ ရွှေရွှေဇနီးမောင်နှံတို့ကအချစ်တစ်ခုကိုဦးတည်ပြီး ရဲရင့်စွာ နှစ်ကိုယ်တူဘဝလေးတည်ဆောက်လိုက်တာဟာဆိုရင် ၁နှစ်နီးပါးပြည့်တော့မှာဖြစ်ပါတယ်။ရွှေမှုံလေးကတော့ အသက်ရွယ်ငယ်သေးပေမယ့် အခုချိန်မှာဆိုရင် တစ်နှစ်ထက်တစ်နှစ် ရင့်ကျက်လာတဲအိမ်ရှင်မတစ်ယောက်ပါနော်။ရွှေထူးကလည်း ချစ်ဇနီးလေးအပေါ်ကို ဖခင်လို တစ်မျိုး အစ်ကိုလိုတစ်သွယ်နဲ့ စောင့်ရှောက်ပေးပြီး ချစ်ခင်ကြင်နာခြင်းတွေကိုပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။


ရွှေမှုံလေးနဲ့ရွှေထူးက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ရွှေထူးကလည်း အရင်ကထက်အလုပ်တွေပိုကြိုးစားကာ ချစ်ဇနီးလေးကို လိုလေသေးမရှိအောင်ထားပေးထားတာပါ။ချစ်ဇနီးလေးသွားချင်တဲ့နေရာမှန်သမျှကိုလည်း မငြီးငြူ မတွေဝေဘဲ လိုက်ပို့ပေးတတ်တဲ့သူပါ။ရွှေမှုံလေးကတော့ ချစ်ယောကျာ်းကို ကလေးလေးလို ဆိုးနွဲ့တတ်ပြီး ချစ်စရာကောင်းအောင်လည်း ချွဲတတ်ပါသေးတယ်နော်။ဇနီးမောင်နှံနှစ်ယောက်ကတော့ ပွဲအခမ်းအနားတွေတက်ရောက်ရင်လည်း စုံတွဲလိုက်ဖြစ်ပြီး လူအများအားကျရတဲ့ အရမ်းရိုတတ်တဲ့စုံတွဲလေးပါ။

ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ ဖူးစာဆန်ကြယ်ပုံလေးက ပရိသတ်တွေတောင်အံ့အားသင့်ရပါတယ်နော်။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြလို့ ပရိသတ်တွေက နားလည်လာကြပါပြီ။အခုဆိုရင်လည်း ချစ်ဇနီးလေးရွှေမှုံက ယောကျာ်းကြိုက်တဲ့ tattooကို ရင်ဘက်မှာ ထိုးခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ရွှေထူးရဲ့ရင်ဘက်ပေါ်က tattooလေးကိုတော့ ရွှေထူးက ထိုးနေစဉ်အတွင်းမှာ လျှို့ဝှက်ထားပြီး အခုဆိုရင်တော့ ရင်ဘက်ပေါ်က အရုပ်လေးတွေလည်း ရုပ်လုံးပေါ်လာပြီဖြစ်လို့ ပရိသတ်တွေကို ချပြလိုက်ပါတယ်နော်။ရွှေထူးရဲ့ ရင်ဘက်ပေါ်ကအရမ်းလှတဲ့ ဆင်နှစ်ကောင်ရုပ်ပုံလေးကို ပရိသတ်ကြီးလည်း မြင်တွေ့ရအောင်မျှဝေလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Source:Htoo Khant