တစ်ဦးအပေါ်တစ်ဦး အနုပညာအပြန်အလှန်သုံးသပ်ချက်ကို ရှင်းလင်းစွာမြင်တွေ့ရမယ့် အင်တာဗျူးဗီဒီယိုဖိုင်

တစ်ဦးအပေါ်တစ်ဦး အနုပညာအပြန်အလှန်သုံးသပ်ချက်ကို ရှင်းလင်းစွာမြင်တွေ့ရမယ့် အင်တာဗျူးဗီဒီယိုဖိုင်

အကယ်ဒမီဆုရှင် ပရိသတ်အချစ်တော်မင်းသားဖြစ်တဲ့ နေတိုးဟာဆိုရင် ရုပ်ရှင်ဇာတ်ကားများစွာကို လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်…။ ရခိုင်တိုင်းရင်းသားလေးဖြစ်ပြီး လူတိုင်းအပေါ်မှာလည်း မာနမထားဘဲ ပေါင်းသင်းဆက်ဆံတက်တဲ့အတွက်ကြောင့် ချစ်ခင်မှုတွေအပြည့်အဝရရှိထားတာဖြစ်ပါတယ်..။ ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါလုပ်ကိုင်လျက်ရှိပြီး မိဘစကားကိုနားထောင်တဲ့ သားလိမ္မာလေးတစ်ဦးဖြစ်ပါတယ်…။ နေတိုးဟာဆိုရင် အဆိုပိုင်းကော်၊ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ဘက်စုံရအနုပညာရှင်တစ်ဦးဖြစ်ပါတယ်…။ “နှင်းဆီ” အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကို ဟာသရွှင်ဆေးတိုက်ကျွေးတဲ့ သရုပ်ဆောင်လူရွှင်တော်တစ်ဦးလို့ ပြောရင်လည်းမှားမယ်မထင်ပါဖူးနော်…။

နေခြည်ဦးဟာဆိုရင်လည်း မြန်မာပြည်ရဲ့ Beauty Blogger တစ်ဦးဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေအားလုံးရဲ့ အလှဖန်ဆင်းရှင် လမ်းပြကြယ်လေးပဲဖြစ်ပါတယ်..။ သူမဟာဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲသို့ဝင်ရောက်လာပြီး ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်တဲ့ “အခမ်းအနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်..။ ထိုဇာတ်ကားကြီးကို ဒါရိုက်တာ ( အာရုဏ်ဦး) ပွင့်သိဂီဇော် ရိုက်ကူးပုံဖော်မည်ဖြစ်ပြီး….ဇာတ်လမ်း ဇာတ်ညွန်း ကိုမိုးနီလွင် ၊ DOP ကိုနေဟိန်းတို့က ပါဝင်ကူညီရိုက်ကူးထားတာဖြစ်ပါတယ်..။ အဓိက သရုပ်ဆောင် များ အဖြစ် နေတိုး ၊ ရဲအောင် ၊ သူရိယ ၊ တိုင်ရွန် ၊ စိုးမြတ်သူဇာ ၊ နေခြည်ဦး ၊ မေဘရဏီသော် နှင့် အနုပညာရှင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်တယ်လို့သိရပါတယ်..။

MLTV ကနေ ထိုဇာတ်ကားကြီးထဲမှာ အဓိကနေရာကနေ ပါဝင်ရိုက်ကူးမယ့် မင်းသားနေတိုးနှင့် မင်းသမီးနေခြည်ဦး တို့တစ်ဦးချင်းစီကို အင်တာဗျူးမေးမြန်းထားတာဖြစ်ပါတယ်..။ သရုပ်ဆောင်နှစ်ဦးစလုံးမှာ စိတ်ရှည်စွာဖြင့် သေသေချာချာပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်…။ နေတိုးကိုမေးမြန်းရာတွင် ” နေခြည်ဦးက ပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်မယ်လို့ ထင်ပါတယ်”လို့ ဂရုတစိုက်ဖြေကြားထားပြီး….၊ နေခြည်ဦးကို မေးမြန်းရာတွင် “”ချစ်သူလည်း မဟုတ်ဘဲနဲ့ အရမ်းကို Ro ကြမယ့် ဇာတ်ကားဆိုတော့ ပြောရင်းနဲ့တောင် ရင်ခုန်တယ်” လို့စိတ်ထဲရှိတဲ့အတိုင်းဖြေကြားထားတာပါ…။ နှစ်ဦးစလုံးရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုခံစားရင်း ပရိသတ်တွေရဲ့ ထင်မြင်ချက်လေးကိုလည်း မန့် ပေးသွားပါဦးနော်…။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.