ကစ်ကစ်အခြေအနေပိုမိုကောင်းမွန်လာတဲ့အကြောင်းပြောပြတဲ့ သမီးလေး ဇွန်ပြည့်

ကစ်ကစ်အခြေအနေပိုမိုကောင်းမွန်လာတဲ့အကြောင်းပြောပြတဲ့ သမီးလေး ဇွန်ပြည့်

ပရိသတ်တွေကို ပျော်ရွှင်အောင် တင်ဆက် ပြသပေးနေခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် ရဲ့ကျန်းမာရေးအခြေအနေကြောင့်ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းကို ပြောချင်လွန်းလို့မိတ်ဆွေတွေ သိပြီးသားဖြစ်မှာပါ ။ သူရဲ့အခြေမနေမသေချာမသိသေးတဲ့ ပရိသတ်တွေကလည်းကစ်ကစ်ရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြပါတယ်။ ကစ်ကစ်ရဲ့သမီးလေးဇွန်ပြည့်က Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ သူမိခင်ရဲ့ကျန်းမာရေးအခြေအနေကိုပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတဲ့ကစ်ကစ်ရဲ့ကျန်းမာရေးအခြေအနေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင် ပြန်ပြောပြပေးလိုက်ပါတယ်။

ကစ်ကစ်ရဲ့အခြေအနေကိုသမီးဖြစ်သူ ဇွန်ပြည့်က “မေ့မေ့အခြေအနေက တအားမောနေတယ်။ အဆုတ်ထဲမှာရေတွေရှိနေတော့ မောလည်းမော စကားလည်းမပြောနိုင်ဘူး ။ အရင်လိုမျိုးထူထူထောင်ထောင်လည်းမရှိတော့ဘူး ။ ၃၀ ရက်နေ့က ည၁၂နာရီက စတက်တာဆိုတော့ နည်းနည်းတော့စိုးရိမ်ရတယ်။ ပင်လုံဆေးရုံမှာ စတက်ပြီးတော့ သင်္ဃန်းကျွန်းဆေးရုံရောက် တယ်။ အခုဒီကိုရောက်တယ်။ စိုးရိမ်ရတယ်ဆိုပေမယ့် ဆရာဝန်တွေကုသပေးလိုက်တော့ အခုတော့ မစိုးရိမ်ရတော့ဘူးပေါ့ ။ ရေတွေကို လည်းအဆုတ်ထဲက စုပ်ထုတ်လိုက်တဲ့အတွက် စစဖြစ်ချင်းကနဲ့စာရင် မောတာနည်းနည်းလေးသက်သာလာပါပြီ။

ဆေးဖိုးစရိတ်တွေကလည်း မနေ့ကတော့အလှူရှင်တွေလာသွားတယ်။ သူဟာနဲ့သူအဆင်ပြေနေပါပြီ။ မကျန်းမာတဲ့ အနုပညာရှင်တစ်ယောက်ကို အခုလှူဒါန်းပေးတဲ့ အနုပညာရှင်တွေရော ပရိသတ်တွေရောကို ကျေးဇူးအများကြီးတင်ပါတယ်။အမေကပြန်ကောင်းလာအောင်ကြိုးစားနေပါတယ်။ ဘာမှလည်းစိတ်မပူကြပါနဲ့အမေပြန်ကောင်းလာအောင် ကြိုးစားနေပါတယ်။တစ်နေ့ကျရင်လည်း အမေကိုTVတွေပေါ်မှာပြန်မြင်ရတော့မှာပါ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.