ရေကူးဝတ်စုံဝတ်လို့ဖြစ်ပျက်သွားတဲ့ ချစ်ယောကျာ်းကို စနောက်ကာတင်လိုက်တဲ့ ရွှေမှုံ

ရေကူးဝတ်စုံဝတ်လို့ဖြစ်ပျက်သွားတဲ့ ချစ်ယောကျာ်းကို စနောက်ကာတင်လိုက်တဲ့ ရွှေမှုံ

မင်းသမီးချောလေးရွှေမှုံရတီဟာ သရုပ်ဆောင်ပီပြငိကျွမ်းကျင်ရုံသာမကပဲ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် လူတိုင်းအားကျနေရသောအမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ပြုခဲ့သော်လည်း ခင်ပွန်းသည်အပေါ်အိမ်ထောင်ရှင်မကောင်းအဖြစ်တာဝန်ကျေပွန်တာကြောင့် ရွှေထူးကပိုပြီးတော့အချစ်ပိုနေရတာပါ။

သူတို့နှစ်ယောက်လုံးဟာ ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ကြုံတွေ့ရသော်လည်း တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ ပျော်ပျော်ရွှင်ရွှင်နဲ့ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်ရလောက်အောင်အချစ်ကြီးကြတာပဲဖြစ်ပြီး ပရိသတ်များကပင်အားကျနေရသောစုံတွဲလေးပါ။

လွန်ခဲ့တဲ့နာရီပိုင်းက ရွှေမှုံရဲ့လူမှုကွန်ယက်စာမျက်နှာမှာပုံရိပ်တစ်ချို့ကိုပရိသတ်တွေအတွက် ဝေမျှထားတာပါ။ ဒီပုံလေးတွေကတော့ ရွှေမှုံဟာ ရေကူးဝတ်စုံလေးနဲ့ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေပဲဖြစ်ပြီး ရွှေထူးဟာ အမြင်မကြည်တဲ့မျက်နှာကြီးနဲ့ကြည့်နေတာပါ။ ရွှေမှုံကလည်း “ ရေကူးဝတ်စုံ ဝတ်သောအခါဝယ် သူဖြစ်သွား သော မျက်နှာအဆင့်ဆင့် ” ဆိုပြီး သူ့ရဲ့ခင်ပွန်းလောင်းရဲ့ဖြစ်သွားတဲ့မျက်နှာအမူအရာအဆင့်ဆင့်ကိုအမိအရရိုက်ကူးထားတာပါ။ ပရိသတ်ကြီးရော သူတို့လိုမရိုချင်ကြဘူးလား…………

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source- Shwe Mhone Yati

Comments are closed.