ဖွားဖွားရဲ့ခြေထောက်ကိုနှိပ်ပေးနေပြီး စိတ်ပါလက်ပါပြုစုနေတဲ့ ခိုင်နှင်းဝေရဲ့သမီးလေး ဗီဒီယိုဖိုင်

ဖွားဖွားရဲ့ခြေထောက်ကိုနှိပ်ပေးနေပြီး စိတ်ပါလက်ပါပြုစုနေတဲ့ ခိုင်နှင်းဝေရဲ့သမီးလေး ဗီဒီယိုဖိုင်

ပရိတ်သတ်အချစ်တော် မင်းသမီးချောလေး ခိုင်နှင်းဝေဟာဆိုရင် ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးလေးလို့ ရေပန်းစားနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေက ဒုက္ခရောက်နေတဲ့လူတိုင်းကို အခက်ခဲမျိုးစုံက ကူညီစောင့်ရှောက်ပေးသလို လိုအပ်နေတဲ့သူတွေကိုလည်း ရက်ရက်ရောရောလှူဒါန်းနေတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းချင်းလုပ်ဆောင်နေပြီး ခိုင်နှင်းဝေပရဟိတအဖွဲ့ကိုလည်း ဦးဆောင်နေတာဖြစ်ပါတယ်။

ခိုင်နှင်းဝေက အခုနောက်ပိုင်းမှာ မိဘမဲ့ဂေဟာလေးကို ဖွင့်ပြီး ရင်သွေးငယ်လေးတွေကို ရင်ခွင်ပိုက်ပြီး နွေးထွေးစွာ စောင့်ရှောက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဂေဟာမှာ ကလေးငယ်လေး ၈ယောက်ရှိပြီးတော့ ကလေးတွေရဲ့ ကျန်းမာရေး ပညာရေး စတဲ့အရေးမှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူသွားမှာဖြစ်ပါတယ်။ခိုင်နှင်းဝေက သူမနဲ့ရုပ်ချင်းဆင်တဲ့ သမီးလေးတစ်ယောက်ကိုတော့ အိမ်ကိုခေါ်ယူပြီး မွေးစားထားတာဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ သမီးလေးက ခိုင်နှင်းဝေလိုပဲ ပါးချိုင့်လေးနှစ်ဖတ်ပါပြီး တီတီတာတာစကားလေးတွေ ပြောတတ်နေလို့ အရမ်းကိုချစ်စရာကောင်းနေပါတယ်နော်။အခုဆိုရင် ခိုင်နှင်းဝေရဲ့ သမီးလေးက ခိုင်နှင်းဝေတို့တစ်အိမ်လုံးရဲ့ အသည်းကျော်လေးဖြစ်နေပါတယ်။အခုဆိုရင်လည်း သမီးလေးက ဖွားဖွားရဲ့ ခြေထောက်ကို နှိပ်ပေးနေပြီး စိတ်ပါလက်ပါပြုစုနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Khine Hnin Wai

Comments are closed.