မရိုက်ရလည်းဘာမှမဖြစ်ဘူး ဇာတ်လမ်းကောင်းမှရိုက်တယ်ဆိုတဲ့ အောင်ရဲလင်း

မရိုက်ရလည်းဘာမှမဖြစ်ဘူး ဇာတ်လမ်းကောင်းမှရိုက်တယ်ဆိုတဲ့ အောင်ရဲလင်း

အောင်ရဲလင်းဟာဆိုရင်လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းကအရည်အချင်းရှိတဲ့မင်းသားတစ်လက်အဖြစ် အောင်မြင်လာခဲ့ပြီး ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ ပစ်ကြွေရတဲ့ ကိုရီးယားမင်းသားလိုချောတဲ့ မင်းသားတစ်လက်လည်းဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အောင်ရဲလင်းဟာ ရုပ်ရှင်ကားအထွက်ကျဲတာကြောင့် ပရိသတ်နဲ့အနည်းငယ်အလှမ်းဝေးသလိုဖြစ်နေခဲ့တာတွေ့ရပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အောင်ရဲလင်းက ကားရိုက်နည်းတယ်လို့ဝေဖန်နေကြတာတွေနဲ့ ရုပ်ရှင်အထွက်နည်းတာကို ရှင်းပြသွားခဲ့ပါတယ်။

အောင်ရဲလင်း က ရုပ်ရှင်တွေအထွက်ကျဲတယ်ဆိုတဲ့ပရိသတ်ရဲ့ ဝေဖန်မှုကို “အဲဒါကတော့ ကျွန်တော်တော့်သိပ်နားမလည်ဘူး။ ပရိုဂျူဆာအပိုင်းတွေ ရုံပိုင်ရှင်အပိုင်းတွေကတော့ ပိုပြီးနားလည်မှာပါ။ ကျွန်တော်ရိုက်ထားတဲ့ကားတွေကတော့ အများကြီးရှိပါတယ်”လို့ ပြောပြထားပြီး ရုပ်ရှင်ရိုက်ဖို့ ဇာတ်ကိုသေချာရွေးချယ်ဖြစ်ကြောင်း “ကျွန်တော်အဓိကက မရိုက်ရလို့လည်းဘာမှမဖြစ်ဘူး။ အဓိကက ကျွန်တော်ရိုက်တဲ့ဇာတ်ကား ကျွန်တော်ကိုယ်တိုင်ကြိုက်ဖို့လိုတယ်။ တကယ်ဇာတ်လမ်းကောင်းဖို့လိုတယ်။အဲဒါကိုပဲ ကျွန်တော်အဓိကထားပါတယ်”လို့ ဖြေကြားထားပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာ အကောင်းဆုံးကြိုးစားထားရင် မကြောက်ဘူးလို့လည်း “video တွေရှိခဲ့စဉ်တုန်းကလည်း ဇာတ်လမ်းလေး ကျောရိုးလေးကောင်းတယ်ဆိုရင်တော့ ရိုက်တယ်ပေါ့။ ရုပ်ရှင်ကားကြီးကျတော့ အခုအချိန်မှာ ပရိသတ်ကပိုပြီးတော့နားလည်သွားပြီ။ ကျွန်တော်တို့ကပိုပြီးတောာ့ ရွေးချယ်ရမယ်။ ရွေးချယ်ရာမှာလည်း ဥပမာ ဒီကားလိုပေါ့။ ဒီကားတင်တဲ့အချိန်မှာဆို ကျွန်တော်မကြောက်ဘူး။ ကျွန်တော်အကောင်းဆုံးရွေးချယ်ပြီး အကောင်းဆုံးလုပ်ထားတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်မကြောက်ဘူး။ တကယ်လို့သာ ကျွန်တော်ဖြစ်သလိုလုပ်ခဲ့မယ်ဆိုရင် ဒီအချိန်မှာရုံတင်ရင် ကျွန်တော်လာခဲ့တယ်ဆိုရင်တောင်မှ ကျွန်တော့်မှာုဘာပြောလို့ပြောရမှန်းသိမှာမဟုတ်ဘူး။ အဲ့လိုအခြေအနေမတူတာတွေရှိတယ်”လို့ မှားတဲ့ဘက်ကနေကြည့်ပါ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြထားပါတယ်။

ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်တိုင်ကြိုက်ဖို့လိုကြောင်း အောင်ရဲလင်းက “ကားရိုက်နည်းတာများတာနဲ့မဆိုင်ဘူး။ ကျွန်တော်ယုံကြည်တာက ကျွန်တော် ဒီအလုပ်တစ်ခုကိုလက်ခံလိုက်တယ်။ ကျွန်တော်ထွက်မပြေးဘူး။ကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ ကျွန်တော်ကိုယ်တိုင်ကြိုက်ဖို့လိုတယ်။ အဲဒါဆိုရပြီ။ ကျန်တာကတော့ ဒီအတွက် စိစစ်ရတဲ့အပိုင်းတွေတော့အများကြီးရှိတာပေါ့။ ကျွန်တော်တို့အပေါ်မှာလည်းမူတည်သလို လာငှားတဲ့ ပရိုဂျူဆာတွေရဲ့ဇာတ်လမ်းပေါ်မှာလည်းအများကြီးမူတည်တာပေါ့”လို့ ဖြေကြားထားပါတယ်။

ပရိသတ်တစ်ယောက်တည်းရှိလည်း အဲဒီတစ်ယောက်တည်းအတွက်လုပ်မယ်လို့ “ပုံမှန်ကားတွေဆိုရင်ပရိသတ်အားပေးမှုအနည်းနဲ့အများလျော့တာပဲ။ကိုယ်သေချာလုပ်တဲ့ကားတွေဆိုရင် ဘာပဲဖြစ်ဖြစ် လာကြည့်တဲ့ပရိသတ်ကြိုက်တယ်ဆိုရင် တစ်ယောက်ကြည့်လည်း အဲ့တစ်ယောက်ကြိုက်ဖို့လိုတယ်။ အဲဒါကိုပဲ အဓိကထားပြီးတော့ ကျွန်တော်ကြိုးစားပြီးလုပ်တယ်။ နောက်ပိုင်းထွက်လာတဲ့ကားတွေအကုန်လုံးကို သေချာလုပ်ထားတဲ့အတွက် ကျွန်တော်မကြောက်ပါဘူး။ ဘယ်ကားပဲရုံတင်ရုံတင် ကျွန်တော်အကောင်းဆုံးကြိုးစားထားတဲ့အတွက် အဲဒီအကောင်းဆုံးကြိုးစားထားတဲ့ ရလာဒ်ချင်းမတူရင်တောင်မှအဲဒီရလာဒ်နီးပါးပြန်ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်”လို့ ရှင်းပြပြောဆိုသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.