
အရေးပေါ်အခြေအနေရောက်နေတဲ့ ကစ်ကစ်အတွက် အလှူငွေသွားရောက်လှူဒါန်းပေးခဲ့တဲ့ ပိုပို
ဝါသနာပါတဲ့ အနုပညာကိုအရင်းခံပြီး ပရိသတ်တွေကို ပျော်ရွှင်စရာတွေ ဖန်တီးပေးခဲ့သူတစ်ဦးဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ အဆုပ်ထဲရေဝင်ပြီး အမောဖောက်နေလို့ မေလ (၁) ရက်နေ့မှာ အရေးပေါ်အနေနဲ့ ဆေးရုံတက်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ အဆိုပါသတင်းကိုကြားတဲ့ သရုပ်ဆောင် ကစ်ကစ်ရဲ့မိတ်ဆွေတွေရော ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်နေကြတာပါ။

အဆုပ်ထဲရေတွေ ထပ်ဝင်နေပြီး အမောဖောက်ခဲ့တာကြောင့် ပင်လုံဆေးရုံမှတဆင့် သင်္ဃန်းကျွန်းဆေးရုံ သင်္ဃန်းကျွန်းဆေးရုံမှတဆင့် ရန်ကုန်အရေးပေါ် ဆေးရုံကြီးမှာ တင်ထားရပါတဲ့ ကစ်ကစ်ကတော့ ခါးကနေ ရေဖောက်ပေးပေမယ့် ရေနဲ့သွေးတွေကရောနေပြီး ဆရာဝန်ပြောပြချက်အရ အတွင်းကပျက်စီးနေပြီဖြစ်တာကြောင့် ပိုပြီးဂရုစိုက်ရမှာဖြစ်ပြီး အချိန်မရွေး အသက်အန္တရာယ် စိုးရိမ်ရတဲ့အကြောင်းကို ဆရာဝန်ကြီးကိုယ်တိုင် ပြောကြားပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အရမ်းကို စိုးရိမ်စရာ အခြေအနေတစ်ခုကို ရောက်ရှိနေပြီဖြစ်တဲ့ ကစ်ကစ်အတွက် စိတ်မကောင်းဝမ်းနည်း ဖြစ်မိတာကြောင့် အဆိုတော် ပိုပိုက မေလ (၂) ရက်နေ့မှာ တတ်နိုင်တဲ့အလှူငွေလေးနဲ့ သွားရောက်ပြီး ပါဝင်လှူဒါန်း ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် ကစ်ကစ်အတွက် တတ်နိုင်သလောက် ငွေသားအလှူဖြင့် လှူဒါန်းပေးခဲ့တဲ့ ပိုပိုကတော့ ” မိုး လှူတဲ့ အလှူတိုင်းမှာ မိုး ချစ်ခင်သူတွေ စိတ်ချမ်းသာဖို့ အဓိက ရည်ရွယ်ပါတယ်ကွယ် 🙏🏻🙏🏻🙏🏻 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ စိတ်မကောင်း ဝမ်းနည်းစွာ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း ဇာတ်ပို့ သရုပ်ဆောင် ကစ်ကစ်တစ်ယောက် အရေးပေါ်အခြေအနေမှ အမြန်ဆုံးသက်သာပါစေလို့ ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

တတ်နိုင်တဲ့ဘက်ကနေ အလှူအတန်းတွေနဲ့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေဆဲဖြစ်တဲ့ ပိုပိုအတွက် ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ကြမယ်လို့ ထင်ပါတယ်။ ယခုအချိန်မှာလည်း အရေးပေါ်ဖြစ်နေတဲ့ ကစ်ကစ်အတွက် အလှူအတန်းတွေနဲ့ တတ်နိုင်တဲ့ငွေသားအလှူတွေနဲ့ လှူဒါန်းပေးခဲ့တဲ့ ပိုပိုရဲ့ စိတ်ဓာတ်လေးကို လေးစားအားကျ ကြည်နူးမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ချစ်ပရိသတ်ကြီးရေ။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။