မြောက်ဦးမြို့က သမိုင်းဝင် တန်ခိုးကြီးဘုရားစုံကို လိုက်လံဖူးမြော်ရင်း ပရိသတ်တွေပြန်လည်ဖူးမြော် လို့ရအောင် မှတ်တမ်းတင် ဗီဒီယိုလေးဖော်ပြလာတဲ့ လင်းလင်း
နာမည်ကြီး မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ လင်းလင်းကိုတော့ ပရိသတ်တွေအားလုံးသိကြမယ်လို့ထင်ပါတယ်။ လင်းလင်းကတော့ မိတ်ကပ်လောကမှာသာမက အနုပညာနယ်ပယ်မှာလည်း အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ ဖြစ်တာကြောင့် ချစ်တဲ့သူတွေကလည်း ပေါများနေတာ ဖြစ်ပါတယ်။
ချောမောလှပမှုကလည်း မိန်းကလေးတွေတောင် အားကျရပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို ငယ်ရွယ်နုပျို နေတာပါ။ လတ်တ လော မှာတော့ သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို ဗီဒီယိုလေးတွေ ရိုက်ကူးပြီး မကြာခဏ ချစ်တဲ့သူတွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း ပရိသတ်တွေ သဘောကျလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
လက်ရှိမှာတော့ လင်းလင်းဟာ အလုပ်ကိစ္စနဲ့ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ မြောက်ဦးကို ရောက်နေတဲ့ အချိန်မှာလည်း သမိုင်းဝင် တန်ခိုးကြီးဘုရားများအား လိုက်လံဖူးမြော်ရင်း ပရိသတ်တွေပြန်လည်ဖူးမြော်လို့ရအောင် မှတ်တမ်းတင် ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း လင်းလင်းရဲ့ ဘုရားဖူးမှတ်တမ်း ဗီဒီယိုလေးကို သဘောကျစေမယ်လို့လည်း မျှော်လင့်မိပါတယ်
သတင်းအရင်းအမြစ်៖ Source – Lin Linn fb page
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*