ချစ်စရာသားသားလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေကြတဲ့ နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံ

ချစ်စရာသားသားလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေကြတဲ့ နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကိုတော့ ပရိသတ်တွေက သူမရဲ့ကြော်ငြာလေးတွေကနေ စတင်သတိထားမိလာခဲ့တာဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းရဲ့ ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုဆိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက်ကြပါတယ်။နန်းမြတ်ဖြိုးသင်းက ရိုးရှင်းတဲ့အလှတရားလေးကိုပိုင်ဆိုင်ထားတဲ့အပြင် စိတ်သဘောထားဖြူစင်ရိုးသားလို့လည်း ပရိသတ်တွေက သူမကို ချစ်နေရတာဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာလုပ်ဆောင်ခဲ့ပြီး သားလေးကိုယ်ဝန်ရှိချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။နန်းမြတ်တို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှုတွေလည်း အပြန်အလှန်ထားရှိထားကြပါတယ်။နန်းမြတ်တို့ဇနီးမောင်နှံက သားလေးကိုယ်ဝန်စရကတည်းက သေသေချာချာဂရုစိုက်ပြီး နေထိုင်ခဲ့တာဖြစ်တဲ့အပြင် သားလေးနာမည်ကိုလည်း Jack Jack လို့ ချစ်စနိုးလေးပေးထားကြပါတယ်။

အခုဆိုရင်တော့ နန်းမြတ်ရဲ့သားလေးမွေးဖွားပြီးတာ ရက်သတ္တပတ်တောင်ရှိနေပြီဖြစ်ပါတယ်။သားလေးက မွေးကတည်းက အချောလေးဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းပါတယ်။နန်းမြတ်တို့ဇနီးမောင်နှံကတော့ သူတို့ရဲ့တစ်ဦးတည်းသောသားလေးကို သေချာဂရုစိုက်စောင့်ရှောက်နေပါတယ်။အခုဆိုရင်လည်း နန်းမြတ်တို့ဇနီးမောင်နှံက သားလေးကို လက်ကမချဘဲ ရင်ခွင်ထဲပိုက်ပြီး ချစ်မဝဖြစ်နေပါတယ်။နန်းမြတ်က”ခုတော့ဖေဖေ့လက်ပေါ်မှာနောက်ဆိုအဖေအလုပ်ကပြန်လာရင်သားအဖနှစ်ယောက်ဗျောင်းဆန်နေအောင်ဆော့မှာမြင်ယောင်သေးတယ်”ဆိုပြီးရေးသားထားပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Nan Myat Phyo Thin

Comments are closed.