ငယ်ဘဝIdolဖြစ်တဲ့ Enrique Iglesias နဲ့ တွေ့ဆုံခွင့်ရခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ နေရွှေသွေးအောင်

ငယ်ဘဝIdolဖြစ်တဲ့ Enrique Iglesias နဲ့ တွေ့ဆုံခွင့်ရခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ နေရွှေသွေးအောင်

မြန်မာနိုင်ငံမှာ cover song တွေကို ပြန်လည်သီဆို ရိုက်ကူးပြီး အနုပညာလောကမှာ နေရာတစ်နေရာရလာတဲ့ နေရွှေသွေးအောင်ဟာ ငယ်ဘဝအိပ်မက်တစ်ခု ပြည့်မြောက်ခဲ့ပါပြီ။ အဲ့ဒါကတော့ သူအရမ်းကြိုက်နှစ်သက်ရတဲ့ ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Enrique Iglesias နဲ့ တွေ့ဆုံခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

နေရွှေသွေးအောင်ဟာ နာမည်ကျော်ကြားပြီး ကမ္ဘာတစ်လွှားမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Enrique Iglesias ရဲ့ သီချင်းတွေကို cover ပြန်လည်သီဆိုရင်း music video တွေရိုက်ကူးကာ မြန်မာနိုင်ငံမှာ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ လူသိများ ရေပန်းစားခဲ့တဲ့ Enrique Iglesias ရဲ့ Forgiveness , Taking back my love , Do you know , Escape , Tonight I’m loving you , Hero အစရှိတဲ့ သီချင်းကောင်းများကို နေရွှေသွေးအောင်က ပြန်လည်သီဆို ထားခဲ့တာလည်း ဖြစ်ပါတယ်။

နေရွှေသွေးအောင်ဟာ ကမ္ဘာကျော် စပိန်အဆိုတော် Enrique Iglesias ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ” Enrique Iglesias သီချင်းတွေကို ကျွန်တော် အရမ်းကြိုက်လို့ cover ပြန်ဆိုဖြစ်တာပါ။ ” လို့ ရိုးရိုးသားသား ဝန်ခံခဲ့ဖူးတာ ဖြစ်ပါတယ်။

ယခုတော့ နေရွှေသွေးအောင်ရဲ့ အိပ်မက်တွေ ပြည့်မြောက်ခဲ့ပါပြီ။ ငယ်ငယ်ကတည်းက နှစ်သက်ခဲ့ရတဲ့ အဆိုတော်ကြီးနဲ့ တွေ့ဆုံခွင့် ရရှိခဲ့ပြီး သူတို့နှစ်ဦး တွေ့ဆုံပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်များကို ကိုယ်ပိုင် facebook အကောင့်ကနေ သူ့ရဲ့ ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

နေရွှေသွေးအောင်နဲ့ Enrique Iglesias တို့ရဲ့ ပုံရိပ်များ

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

REF : nay shwe thway aung’s facebook

Comments are closed.