ဖိလစ်ပိုင် မှာ အင်အား ၇ ဒဿမ ၂ အဆင့် ရှိ ငလျင်ကြီး လှုပ်၍ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပြီ
ဖိလစ်ပိုင် မှာ အင်အား ၇ ဒဿမ ၂ အဆင့် ရှိ ငလျင်ကြီး လှုပ်၍ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပြီ
စနေနေ့မှာ ဖိလစ်ပိုင်တောင်ပိုင်း မန်ဒါနာအိုကျွန်းမှာ အင်အား ၇ ဒဿမ ၂ အဆင့် ငလျင်လှုပ်တာဖြစ်ကြောင်း စောင့်ကြည့်သူတွေက ပြောပြီး ဖိလစ်ပိုင်နဲ့ အိမ်နီးချင်း အင်ဒိုနီးရှားတို့မှာ ဆူနာမီဘေး ခြိမ်းခြောက်မှု ကြုံတွေ့နိုင်တယ်လို့ သတိပေးထားပါတယ်။
အခု ငလျင်ဟာ အရှေ့တောင်ပိုင်း ဒါဗာအိုမြို့မှာ မြေအောက် ၅၉ ကီလိုမီတာကို ဗဟိုပြု လှုပ်သွားဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ပြောပါတယ်။ ငလျင်ကြောင့် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် ကမ်းရိုးတန်းဒေသတွေမှာ အန္တရာယ်ကြီးတဲ့ ဆူနာမီ ဖြစ်ပေါ်နိုင်တယ်လို့လည်း ပစိဖိတ်ဆူနာမီသတိပေးစင်တာက ထုတ်ပြန်ပါတယ်။
ငလျင်ကြီးရဲ့ ကီလိုမီတာ ၂၅၀ အ၀န်းအ၀ိုင်းအတွင်း ပျက်စီးဆုံးရှုံးမှုတွေ ကြုံရတာပဲ ဖြစ်ပါတယ်။ ငလျင်ဗဟိုနဲ့ တော်တော်ဝေးရာ အရပ်အထိ ငလျင်လှုပ်တာကို ခံစားကြုံရတဲ့ ငလျင်ကြီးတွေလည်း ဖြစ်ပါတယ်။
Rf; Outlook
[Unicode]
ဖိ လစ်ပိုင် တောင်ဖက်ပိုင််းမှာ အင်အား ရစ်ချ်တာစကေး ရ ဒဿမ ၂ အဆင့်ရှိ ငလျင်ကြီးလှုပ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးက ထုတ်ပြန်ပါတယ်။ ဒီအားပြင်းငလျင်ကြီးကြောင့် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဆူနာမီဘေးကို ရင်ဆိုင်ကြုံတွေ့ရဖွယ် ရှိနေပါတယ်။
စနေနေ့မှာ ဖိလစ်ပိုင်တောင်ပိုင်း မန်ဒါနာအိုကျွန်းမှာ အင်အား ရ ဒဿမ ၂ အဆင့် ငလျင်လှုပ်တာဖြစ်ကြောင်း စောင့်ကြည့်သူတွေက ပြောပြီး ဖိလစ်ပိုင်နဲ့ အိမ်နီးချင်း အင်ဒိုနီးရှားတို့မှာ ဆူနာမီဘေး ခြိမ်းခြောက်မှု ကြံုတွေ့နိုင်တယ်လို့ သတိပေးထားပါတယ်။
လတ်တလော ခုချိန်မှာ ငလျင်ကြောင့် သေဆုံးဒဏ်ရာရသူနဲ့ ပျက်စီးဆုံးရှုံးမှု သတင်းတွေ မကြားသိရသေးပါဘူး။ငလျင်အတိုင်းအတာနဲ့ ပတ်သက်ရင် ရစ်ချ်တာစကေး ရ အဆင့် ငလျင်တွေကို အားပြင်းငလျင်ကြီးတွေအဖြစ် သတ်မှတ်ပါတယ်။ ဒီလို ငလျင်မျိုးတွေ ကြံုတွေ့ပြီဆိုရင် အဆောက်အအုံများစွာ ပြိုကျပျက်စီးပြီး ဆုံးရှုံးပမာဏ ကြီးမားပါတယ်။
ငလျင်ကြီးရဲ့ ကီလိုမီတာ ၂၅၀ အဝန်းအဝိုင်းအတွင်း ပျက်စီးဆုံးရှုံးမှုတွေ ကြံုရတာပဲ ဖြစ်ပါတယ်။ ငလျင်ဗဟိုနဲ့ တော်တော်ဝေးရာ အရပ်အထိ ငလျင်လှုပ်တာကို ခံစားကြံုရတဲ့ ငလျင်ကြီးတွေလည်း ဖြစ်ပါတယ်။
Rf; Outlook
Writer – မောင်သံဆင့်(Daily Hot News)
Comments are closed.