အကယ်ဒမီလူမင်းနဲ့ တိုက်ဆိုင်တဲ့ အဖြစ်တစ်ခုကို ဂုဏ်ယူစွာ ထုတ်ပြောလာတဲ့ ကျော်ကျော်နန္ဒ

အကယ်ဒမီလူမင်းနဲ့ တိုက်ဆိုင်တဲ့ အဖြစ်တစ်ခုကို ဂုဏ်ယူစွာ ထုတ်ပြောလာတဲ့ ကျော်ကျော်နန္ဒ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့လတွေက ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ကျော်ကျော်နန္ဒက အကယ်ဒမီများရှင် လူမင်းနဲ့ အဖြစ်ချင်းတိုက်ဆိုင်နေတဲ့ အကြောင်းအရာတစ်ခုကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

“ကျ​နော်​ အားကျ​လေးစား​သောပြည်​သူချစ်​တဲ့ ချစ်​ကိုကြီး အန်​ကယ်​​လေးလူမင်း​နဲ့  ​မွေး​နေ့ လ ရက်​ တူတူဖြစ်​ခွင့်​ရတဲ့အတွက်​ ​ပျော်​ရွှင်​ဝမ်းသာပါတယ်​ဗျ အားလုံးကျန်းမာချမ်းသာလိုတိုင်းတရကြပါ​စေဗျ” ဆိုပြီး ဝမ်းသာအားရပြောထားပါတယ်။

ကျော်ကျော်နန္ဒရဲ့ မွေးနေ့ကတော့ မေလ(၇) ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီး သူ့ရဲ့မွေးနေ့ပွဲကို ရန်ကုန်မြို့က နိုဗိုတယ်ဟော်တယ်မှာ ခမ်းခမ်းနားနားကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။

ကျော်ကျော်နန္ဒနဲ့ အန်ကယ်လေးတို့ကတော့ မွေးနေ့ချင်းတိုက်ဆိုင်နေတာ ထူးထူးခြားခြားပါပဲနော်။ လူတွေအများကြီးရှိတဲ့ထဲကမှ လူမင်းလို ဝါရင့် သမ္ဘာရင့် အနုပညာရှင်နဲ့ တိုက်ဆိုင်နေတာ ကျော်ကျော်နန္ဒအတွက် ဂုဏ်ယူစရာပါပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.