အလှူရှင်ကိုယ်စား အဖွားဆီကိုတကူးတကသွားရောက်ကာ ငွေကြေးလှူဒါန်းပေးခဲ့တဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ ဖြူဖြူထွေး

အလှူရှင်ကိုယ်စား အဖွားဆီကိုတကူးတကသွားရောက်ကာ ငွေကြေးလှူဒါန်းပေးခဲ့တဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ ဖြူဖြူထွေး

ပရိသတ်ကြီးရေ မြင်သူတိုင်းရင်ထဲကို အေးမြသွားစေမယ့် အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းချိုသာတဲ့ စကားပြောဟန်လေးတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တဲ့ သူမကို ပရိသတ်တွေက အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ်။ ထူးခြားတဲ့ဟာသစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သူမက အများနဲ့အတူဘဲ တစ်မူထူးခြားစွာ ခဏလေးအတွင်းမှာ အောင်မြင်မှု ရရှိလာခဲ့သူ ဖြစ်ပါတယ်။

မကြာခဏဆိုသလိုပရိတ်သတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ သူမဟာရုပ်ရှင်ဇာတ်ကားကြီးကိုလည်းရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ သူမအမြဲသွားရောက်ငွေကြေး လှူဒါန်းနေကြ အဖွားဆီကို အခြားအလှူရှင်ကိုယ်စား တကူးတက သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

သူမကတော့ အမြဲပျော်ပျော်ရွင်ရွင်နေတက်သူဖြစ်ပြီး သူမရဲ့ အပျော်တွေကလည်း ပရိသတ်တွေကိုကူးစက်စေခဲ့တာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ အများအကျိုးဆောင်ကာ သွားရောက် ငွေကြေးလှူဒါန်းပေးခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဖြူဖြူထွေးရဲ့ ရှေ့ဆက်မယ့်အနုပညာအလုပ်တွေလည်း ပိုမိုအောင်မြင်မှုရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Phyu Phyu Htwe

Comments are closed.