သားဖြစ်သူ ပြန်လွတ်လာလို့ အိပ်မက်ဆိုးကြီးက လွတ်မြောက်ခဲ့ပြီလို့ ဆိုလာတဲ့ အောင်ရင်

သားဖြစ်သူ ပြန်လွတ်လာလို့ အိပ်မက်ဆိုးကြီးက လွတ်မြောက်ခဲ့ပြီလို့ ဆိုလာတဲ့ အောင်ရင်

မူးယစ်ဆေးဝါးအမူကြောင့် ထောင်ဒဏ် (၁၇) နှစ်တိတိကျပြီး အကျဉ်းထောင်ထဲကို ရောက်ရှိနေခဲ့ရတဲ့ မိုးအောင်ရင်ကတော့ ယနေ့မနက်မှာပဲ နိုင်ငံတော် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့တဲ့ သားဖြစ်သူ မိုးအောင်ရင်အတွက် ဖခင်ဖြစ်သူ အဆိုတော်ကြီး ဦးအောင်ရင်ကလည်း အတိုင်းမသိ ပျော်ရွှင်ကြည်နူးပြီး ပီတိတွေဖြစ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ပြန်မဆုံနိုင်တော့ဘူးလို့ တွေးထားခဲ့တဲ့ အဖြစ်အပျက်ကို ယနေ့မှာ ရယူပိုင်ဆိုင်ခွင့်ရလိုက်တဲ့ ဖခင်ကြီး ဦးအောင်ရင်ကတော့ သားအတွက်နဲ့ အရမ်းကိုပူပန်သောကရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ သားဖြစ်သူ လွတ်မြောက်လာခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မဆုံးဖြစ်နေရတဲ့ ဦးအောင်ရင်ကတော့ သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများအပေါင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

မမျှော်လင့်ထားတဲ့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်တဲ့ သားဖြစ်သူ မိုးအောင်ရင် အပြစ်ဒဏ်က လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးတင်စကား ဆိုပေးထားခဲ့တဲ့ ဦးအောင်ရင်ကတော့ ” ကျနော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့ လွပ်မြောက်ပါပြီခင်ဗျာ ”

” လွပ်မြောက်ခွင့်ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူ လူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာ ပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကျနော်တို့ မိသားစုကို စောင့်လျှောက်ဖေးမ ကူညီကြသူများအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏 ” ဆိုပြီး သူရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း အပြစ်ဒဏ်ကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာပြီဖြစ်တဲ့ မိုးအောင်ရင်အတွက် မိသားစုနဲ့ထပ်တူ ဝမ်းသာပီတိဖြစ်မိမယ်လို့ ထင်ပါတယ်။ သားအတွက်နဲ့ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ အရာတစ်ခုကို ပိုင်ဆိုင်လိုက်ရလို့် အပျော်ကြီး ပျော်နေတဲ့ ဦးအောင်ရင်ရဲ့အဖြစ်လေးကို ကြည့်ရင်း မိဘချင်း ကိုယ်ချင်းစာမိပြီး အပျော်တွေကိုထပ်တူ ခံစားမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.