ဒေါင်းနီကို ကိုယ်စားပြုတဲ့ အနီရဲရဲလေးကို ဝတ်ဆင်ကာ ရဲရင့်ထက်မြတ်တဲ့ အလှတရားတွေနဲ့ အိန္ဒြာကျော်ဇင်

ဒေါင်းနီကို ကိုယ်စားပြုတဲ့ အနီရဲရဲလေးကို ဝတ်ဆင်ကာ ရဲရင့်ထက်မြတ်တဲ့ အလှတရားတွေနဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်ကြီးရေ မြန်မာပြည်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားပြီး လူကြိုက်များတဲ့ မင်းသမီးချောလေး အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ သရုပ်ဆောင်ချက်အိုင်တင်တွေမှာ မှော်ပါတယ်လို့ ပြောရလောက်အောင် ညှို့အားပြင်းတဲ့ မင်းသမီးတစ်လက်ပါ။အနုပညာလောကထဲကို လူငယ်ဘဝကတည်းက ဝင်ရောက်လာခဲ့ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပြီးပြည့်စုံတဲ့အလှတရားတွေကြောင့် ပရိသတ်တွေအရမ်းချစ်ရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က အခုဆိုရင် အကယ်ဒမီပြေတီဦးနဲ့ မိသားစုဘဝလေးကိုတည်ဆောက်လိုက်ကြပြီး ချစ်စရာသမီးလေးနဲ့သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်လို့ သာယာအေးချမ်းတဲ့မိသားစုဘဝလေးပါနော်။အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးက ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး အနုပညာလောကမှာ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေပါတယ်။

အခုဆိုရင်တော့ အိန္ဒြာကျော်ဇင်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဟစ်တိုင်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို မေလ ၇ရက်နေ့ မနက် ၉နာရီက Mega Ace Cineplex (သာကေတ Capital Mall) ကို တက်ရောက်ခဲ့ပါတယ်။ဟစ်တိုင်ဇာတ်ကားရဲ့ ဒေါင်းနီဇာတ်ရုပ်ကို ကိုယ်စားပြုပြီး အိန္ဒြာကျော်ဇင်ကတော့ အနီရဲရဲလေးကို ဆင်မြန်းကာ ရဲရင့်ထက်မြတ်တဲ့ အလှတရားတွေနဲ့ အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Eaindra Kyaw Zin – Fans

Comments are closed.