ပန်းလေးတွေနဲ့အပြိုင်ပိုလှတဲ့ ဝတ်​မှုံရွှေရည်ရဲ့ပွဲတက်ပုံရိပ်များ

ပန်းလေးတွေနဲ့အပြိုင်ပိုလှတဲ့ ဝတ်​မှုံရွှေရည်ရဲ့ပွဲတက်ပုံရိပ်များ




UNICODE FONT

မြန်မာနိုင်ငံရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ရွှေလိုဝင်းဝါနေတဲ့ အသားအရည်၊ စွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းတဲ့ စိတ်ဓါတ်လေးတို့ကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေကစ်လေးက မိတ်ကပ်မေဦးရဲ့ May & Co ဆိုင်ဖွင့်ပွဲလေးကို ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အရမ်းကိုလှနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ပုံရိပ်တွေကတော့ ပန်းကလေးတွေထက်ကို ပိုပြီးဆွဲဆောင်မှုရှိနေတာပါနော်။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အဆင်းလှခြင်းသာမကပဲ ဘာသာတရားလည်းကိုင်းရှိုင်းသလို ကြင်နာတတ်လွန်းတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားသူလေးမို့ အချင်းပါလှပသူလေးလို့ ပြောလို့ရပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်း သူမပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူလေးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အကယ်ဒမီဆုကြီး ၂ ဆုတိတိကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာလည်း ရုပ်ရှင်တွေဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့အပြင် Event ပွဲတွေကိုလည်း အလှဆုံးတက်ရောက်နေတာ တွေ့ရပါတယ်။ တစ်လောကရုံတင်ပြသခဲ့တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားထဲမှာလည်း Tomboy လေးတစ်ဦးအနေနဲ့ အပိုင်နိုင်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ရွှေကစ်လေးကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ အချစ်တွေတိုးတိုးပြီး ရနေတာပါ။ချစ်ပရိသတ်တွေလည်း ပန်းလေးတွေတောင် ထိုင်ငိုသွားရလောက်အောင် လှရက်လွန်းတဲ့ ဝတ်မှုံရွှေရည်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Comments are closed.