ခြေတစ်လှမ်း ကုဋေတစ်သန်းတန်စွာ လျှောက်လှမ်းလာတဲ့ မတ်မတ်နွယ်ဒါလီထွန်းရဲ့ ပွဲတက်ဗီဒီယိုဖိုင်

ခြေတစ်လှမ်း ကုဋေတစ်သန်းတန်စွာ လျှောက်လှမ်းလာတဲ့ မတ်မတ်နွယ်ဒါလီထွန်းရဲ့ ပွဲတက်ဗီဒီယိုဖိုင်

မော်ဒယ်လ်သရုပ်ဆောင် နွယ်ဒါလီထွန်းဟာဆိုရင် မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေများစွာပိုင်ဆိုင်ထားတာပါနော်..။ ကိုးရီးယားမင်းသမီးတစ်ယောက်လိုချစ်ဖို့ ကောင်းပြီး social media လောကမှာ အမျိုးသားပရိသတ်အများဆုံး ရရှိထားတာလည်းဖြစ်ပါတယ်..။ အမြင်မရိုင်းတဲ့ ဆွဲဆောင်မှု ရှိရှိဖက်ရှင်အလန်းစားတွေကို အမြဲဝတ်ဆင်လေ့ရှိပြီး သမင်လည်ပြန်ငေးရလောက်အောင် ချစ်ဖို့ကောင်းနေတာပါနော်…။ နွယ်ဒါလီထွန်းက အသည်းယားစရာ အမူအရာလေးတွေနဲ့ ပုရိသတွေရဲ့ ရင်ထဲမှာအမြဲထင်ကျန်နေရစ်အောင် ညှို့ယူဖမ်းစားနိုင်သူ တစ်ယောက်ပါ..။

အုပ်စိုးခန့်ရဲ့ “အပြစ်မယူ” သီချင်းဗီဒီယိုလေးထဲမှာလည်း နတ်သမီးတစ်ပါးလို ထည်ဝါလှပနေတာကို ပရိသတ်တွေအနေနဲ့ ကြည့်ရှုခံစားခဲ့ကြရမှာပါ…။ သဘာဝကျကျ သရုပ်ဆောင်မှုတွေကြောင့်လည်း တတိုင်းပြည်လုံးရှိ ပရိသတ်တွေက လက်ခံအားပေးနေတာလည်းဖြစ်ပါတယ်နော်..။ “Team 143” ရဲ့ “မတ်မတ်” သီချင်းမှာလည်း မောင်လေးတွေရဲ့ မမ အဖြစ် ရေပန်းစားကျော်ကြားခဲ့တာပါနော်..။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လှပမှုဂုဏ်အင်တွေကို သူမဆီမှာ အကုန်မြင်တွေ့နိုင်မှာပါနော်…။ နွယ်ဒါလီထွန်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်..။

Myanmar Tourism Bank (MTB) ပွဲလေးသို့ မြန်မာဝတ်စုံ အဝါဝမ်းဆက်လေးနဲ့ တက်ရောက်ခဲ့ပြီး အလှပုံရိပ်လေးတွေ ဓာတ်ဖမ်းခဲ့တာပါနော်..။ နွယ်ဒါလီထွန်းဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ဗီဒီယိုဖိုင် အမိုက်စားလေးကို ပြုလုပ်ဖန်တီးထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source Nwe Darli Tun

Comments are closed.