အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ သရုပ်ဆောင်ထားတဲ့ Ar T ရဲ့”ပျင်းခဲ့ပြီ” သီချင်းဗီဒီယို

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ သရုပ်ဆောင်ထားတဲ့ Ar T ရဲ့”ပျင်းခဲ့ပြီ” သီချင်းဗီဒီယို

အချစ်ဆိုတဲ့အရာက လိုချင်တိုင်းမရနိုင်တဲ့ တန်ဖိုးကြီး အရာဆိုပေမယ့် လိုတာထက်ပို ချုပ်ခြယ်ပြီး ကိုယ်ချစ်ရတဲ့သူကို မွန်းကျပ်ပင်ပန်းစေမယ်ဆိုရင်တော့ ဘယ်လောက်ပဲချစ်ချစ် တစ်ယောက်တည်း အသည်းကွဲကျန်ခဲ့ရမှာပါပဲ။ လတ်တလောမှာတော့ အဆိုတော် Ar T က အချစ်ခံရသူတွေရဲ့ခံစားချက်တွေကို ကွင်းကွင်းကွက်ကွက်မြင်အောင် သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးလိုက်တာ တွေ့ရပါတယ်။ အဆိုတော် Ar T သီဆိုပြီး တေးရေး ဝေလ ရေးသားထားတဲ့ “ပျင်းနေပြီ” ဆိုတဲ့ သီချင်းလေးကိုတော့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့က အမိုက်စားသရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေက ပိုပြီး သဘောကျနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ အမိုက်စားသရုပ်ဆောင်ထားတဲ့ Ar T ရဲ့ သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Ar T ကတော့ “အရမ်း Feelရမယ့်ဒီသီချင်းလေးရဲ့ စာသားက “အချိန်တိုင်းလိုဘဲ နင်ချုပ်ချုယ်ခဲ့တယ်. ဘောင်ခတ်ချင်တဲ့အချစ်ကြီးနဲ့ အလကားနေလဲ နင်ငါ့ကို ဟောက်တယ် ငါတို့ရှေ့ရေး ဘယ်လိုလုပ်မလဲ” တဲ့.ချစ်ရတဲ့သူဘဲ ပင်ပန်းတာမဟုတ်ဘူး!! အချစ်ခံရတဲ့သူရဲ့ မွန်းကျပ်ပင်ပန်းမှုတွေ အကြောင်းကို ကိုဝေလ ခံစားဖန်တီးထားတဲ့ အားတီ ရဲ့ “ပျင်းခဲ့ပြီ” သီချင်းလေး တင်ပေးလိုက်ပြီနော်.ချစ်ခြင်းမေတ္တာနဲ့ ကူညီအားဖြည့်ပေးထားတဲ့ ရွှေကစ် နဲ့ ကိုအောင်ရဲလင်း ကို respect ပါခင်ဗျ.” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ အမိုက်စားသရုပ်ဆောင်ထားတဲ့ Ar T ရဲ့”ပျင်းခဲ့ပြီ” သီချင်းဗီဒီယို

အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ အနုပညာမောင်နှမနှစ်ဦးကတော့ Ar T ရဲ့ “ပျင်းခဲ့ပြီ” သီချင်းဗီဒီယိုလေးကို မေတ္တာနဲ့ သရုပ်ဆောင်ပေးထားတာလို့လည်း သိရပါတယ်။ အဆိုတော် Ar T ကတော့ တလောကပဲ သီချင်းကောင်းတွေ များစွာပါဝင်တဲ့ “Moving Colors ” ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ကြည့်လို့မိုက်တဲ့ Ar T ရဲ့”ပျင်းခဲ့ပြီ” သီချင်းဗီဒီယိုလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.