သက်ငယ်မုဒိန်းကျင့်ခံရတဲ့ (၈) နှစ် သမီးလေးကို စာနာကူငွေ သွားရော က် လှူဒါန်းပြီး တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တဲ့ လင်းလင်းတို့ မိသားစု

သက်ငယ်မုဒိန်းကျင့်ခံရတဲ့ (၈) နှစ် သမီးလေးကို စာနာကူငွေ သွားရော က် လှူဒါန်းပြီး တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တဲ့ လင်းလင်းတို့ မိသားစု

အဆိုတော်လင်းလင်းတို့မိသားစုလေးကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝ ရရှိထားတဲ့ မိသားစုလေးတစ်ခုဖြစ်ပါတယ်။ အနုပညာလျှောက်လမ်းထက်မှာေ အာင်မြင်ေ နကြတဲ့ အနုပညာရှင် (၂) ဦးရဲ့ ပေါင်းဖက်မှုကနေပြီးတော့ပရိသတ်တွေအတွက် အသည်းယားဖို့ကောင်းလောက်စရာ ချစ်စဖွယ် အမြွှာသမီးလေး (၂) ယောက်ကို မွေးဖွားပေးခဲ့တာလည်းဖြစ်ပါတယ်။ တနေ့တခြား ကြီးပြင်းလာတဲ့ ခေတ်လေးနဲ့သစ်လေးရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေစောင့်မျှော်ပြီးအားပေးနေကြရတာပါ။

အဆိုတော်လင်းလင်းကတော့ မကြာသေးခင်က ဖြစ်ပွားသွားခဲ့တဲ့ (၈) နှစ်သမီးငယ်လေးကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားပြီးတော့ မုဒိန်းပြုကျင့်ကာ အစဖျောက်ပြီးထားခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူကို မိပါက အပိုင်းပိုင်းပြုလုပ်ပြီး ရဲ လက်အပ်မယ်လို့ စာနာဒေါသစိတ်နဲ့ ရေးသားခဲ့ပါသေးတယ်။

လင်းလင်းတို့မိသားစုဟာ နှစ်သစ်ကူးအလှူအဖြစ် ထို မုဒိန်းကျင့်ခံရတဲ့ (၈) နှစ်သမီးလေးကို သွားရောက်လှူဒါန်းခဲ့ပြီးတော့ တာဝန်ရှိသူတွေကို တောင်းပန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“နှစ်ကူးမှာ ကျွန်တော်တို့မိသားစု အလှူလေးတစ်ခု လုပ်ဖြစ်ပါတယ်။ ဟိုတစ်လော မကြာသေးခင်က ၈ နှစ်သမီးလေး ဆိုင်ကယ်နဲ့ ခေါ်သွားခံရပြီး မန္တလေးမှာ မုဒိန်းကျင့်ခံရတဲ့ သမီးလေး,, မုဒိန်းကျင့်တဲ့ကောင်က အစဖျောက်ချင်လို့ သေလုဆဲထိ နှိပ်စက်ခံရပြီး အသက်မသေတဲ့ သမီးလေး ကို ကျနော်တို့မိသားစုမှ လိုအပ်တာလေး သုံးစွဲဖို့ စာနာကူငွေ (၇) သိန်း လှူခဲ့ပါတယ်။ ပြောချင်တာက အလှူကိစ္စမဟုတ်ဘူး,,အမှုကိစ္စ,,,မှုခင်းရေးရာ တာဝန်ရှိသူများအနေနဲ့ ဒီအမှုကို လိုအပ်တာထပ်ပိုပြီး စိတ်နှစ်ကိုယ်နှစ် ဆောင်ရွက်ပေးဖို့ တောင်းပန်ပြီးပြောချင်တာလဲပါတယ်, တောင်းဆိုတယ်လို့ ပြောရင်လဲ မှန်တယ်,, ဒီသတင်းက သွေးပူတုန်းခဏ ဝုန်းဒိုင်းပြီးမသွားစေချင်ဘူး,,

ကျူးလွန်သူရဲ့ ဓာတ်ပုံအကြည်လဲ ရထားပြီးပြီ,,သတင်းအချက်အလက်လဲ ရထားပြီ,,ဆိုတော့ ,,ကျနော့်အနေနဲ့ ဒီအမှုကို နေ့စဉ်နဲ့အမျှ နားစွင့်နေပါ့မယ်,,လူမဆန်စွာ အဓမ္မ မိုက်ရိုင်းခံရတဲ့ သမီးလေးဟာ ခုဆို စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်ခံနေရပြီး စိတ်ကုဆရာဝန်နဲ့ သေချာကုသနေရပါတယ်,,( ဓာတ်ပုံတွေကိုလှီးဖြတ်ခွင့်ပြုပါ )အလှူအတွက် ကူညီပံ့ပိုးပေးတဲ့ ကိုဝမ်းကို ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့အကောင့်ကနေ ယနေ့ညပိုင်းမှာတင်ပြီး တောင်းဆိုထားတာဖြစ်ပါတယ်။

ပြစ်မှုကို ကျူးလွန်သွားတဲ့တရားခံကိုတော့ ယနေ့တိုင် မတွေ့ရှိရသေးဘဲ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ သက်ငယ်မုဒိန်းမှုတွေဟာ ယနေ့ခေတ်မှာ နေ့စဉ်နဲ့အမျှလို ကြားနေရတာဖြစ်တာကြောင့် သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေအနေနဲ့လည်း ပူပန်ကြောင့်ကြမှုတွေနဲ့ ပြည့်နေခဲ့ရတာဖြစ်ပါတယ်။We Love Cele

Comments are closed.