အလိုချင်ဆုံးပစ္စည်းလေးကို လူမင်းကလက်ဆောင်ပေးခဲ့တာကြောင့် ကြည်နူးပျော်ရွှင်ဖြစ်နေတဲ့ ခင်လှိုင်

အလိုချင်ဆုံးပစ္စည်းလေးကို လူမင်းကလက်ဆောင်ပေးခဲ့တာကြောင့် ကြည်နူးပျော်ရွှင်ဖြစ်နေတဲ့ ခင်လှိုင်

သရုပ်ဆောင်ခင်လှိုင်ဟာ အနုပညာလောကသားတွေသာမက ပရိသတ်တွေပါ ချစ်ခင်ကြတဲ့စွယ်စုံရအနုပညာရှင်တစ်ဦးပါ။ သူဟာ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်တွေကရင်ထဲကအကယ်ဒမီတွေပေးထားတာပါ။ ခင်လှိုင်ဟာ ဝါရင့်ဟာသ သရုပ်ဆောင်တစ်ယောက်အဖြစ် ဆယ်စုနှစ်တိုင်အောင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားသူပါ ။

သူဟာသရုပ်ဆောင်အလုပ်သာမက ရံဖန်ရံခါအငြိမ့်ပွဲများတွင်လည်း ရံဖန်ရံခါဖျော်ဖြေတတ်ပါသေးတယ်။ ဒါ့အပြင် သရုပ်ဆောင်၊လူရွှင်တော်ဒိန်းဒေါင်နဲ့နှစ်ယောက်သား နယ်ဖျော်ဖြေပွဲများကိုလည်း ဆက်တိုက်သွားရောက်နေရတာပါ။ ဒါ့အပြင် ချစ်ဇနီး၊ သားနှင့်သမီးတို့နဲ့ပျော်ရွှင်သာယာသောအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင်သူ့ရဲ့သမီးချောလေး သဇင်ထူးမြင့်ဟာလည်း ဖခင်ရဲ့အနုပညာသွေးတွေအပြည့်အဝပါဝင်သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ကြော်ငြာများစွာလက်မလည်အောင်ရိုက်ကူးနေရတာပါ။

ဒီနေ့လေးဟာ ဝါရင့်သရုပ်ဆောင်အကယ်ဒမီလူမင်းရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခင်လှိုင်ဟာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ ဒီနားကပ်လေးကိုအန်ကယ်လေးပန်တာမြင်ထဲအရမ်းလိုချင်ခဲ့တာကျွန်တော်လိုချင်မှန်းသိလို့ရအောင်မှာပြီးလက်ဆောင်ပေးခဲ့ချစ်ကိုကြီးအနုပညာညီအကိုမောင်နှမတွေအပေါ်မှာချစ်ခင်ပြီးစေတနာထားတတ်တဲ့ချစ်ကိုကြီးယနေ့ကြရောက်သောမွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာတိုင်အောင်အနုပညာလောကမှာချစ်သောညီအကိုမောင်နှတွေနှင့်အတူသာယာစွာပျော်ရွှင်သောမိသားစုဘဝကိုပိုင်ဆိုင်နိုင်ပါစေ ”ဆိုပြီး ကိုလူမင်းကို မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source- Khin Hlaing

Comments are closed.