မွေးနေ့မနက်ပိုင်းမှာ မိဘကိုကန်တော့ရင်း ဘုန်းကြီးကျောင်းမှာအလှူလုပ် ကုသိုလ်ယူဖြစ်ခဲ့တဲ့ ကျော်ကျော်နန္ဒ

မွေးနေ့မနက်ပိုင်းမှာ မိဘကိုကန်တော့ရင်း ဘုန်းကြီးကျောင်းမှာအလှူလုပ် ကုသိုလ်ယူဖြစ်ခဲ့တဲ့ ကျော်ကျော်နန္ဒ

အနုပညာလောကထဲမှာ ဆယ်နှစ်ကျော်ကြာ ရပ်တည်လာပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကို မရရှိခဲ့တာကြောင့် သူမတူတဲ့ နည်းလမ်းနဲ့ လမ်းသစ်ဖောက်လာသူတစ်ဦးဖြစ်တဲ့ ကျော်​​ကျော်​နန္ဒကတော့ လက်ရှိမှာ ဝေဖန်မှုတွေများစွာ ရှိနေသလို အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်ပေးကြတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။ လတ်တလောမှာ ထွက်ရှိထားတဲ့ ကျော်ကျော်နန္ဒရဲ့”ဖြူစင်တဲ့အချစ်” သီချင်းကလည်း ပရိသတ်တွေကြားမှာ တော်တော်လေးကို ပေါက်သွားခဲ့ပါသေးတယ်။

ကျော်ကျော်နန္ဒကတော့ လက်ရှိမှာလည်း ပွဲတွေ ဆက်တိုက်တက်ပြီး သူ့ရဲ့သီချင်းလေးတွေကို ဖျော်ဖြေရင်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ရှေ့ဆက်လုပ်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျော်ကျော်နန္ဒက ယနေ့ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ပွဲအတွက် အလှူတွေလုပ်ရင်း ကုသိုလ်တွေယူနေပြီပဲ ဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ မွေးနေ့ပွဲအတွက် အလှူအတန်းတွေလုပ်ရင်း ကုသိုလ်ယူနေတဲ့ ကျော်ကျော်နန္ဒရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ ဘုန်းကြီးဆွမ်းကပ်ရင်း ဘုန်းကြီးကျောင်းက ဝေယာဝစ္စတွေကို လုပ်ပြီး ကုသိုလ်ယူနေတဲ့ ကျော်ကျော်နန္ဒရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

မွေးနေ့မှာ လုပ်ဖြစ်တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို ပရိသတ်တွေပါ ထပ်တူရရှိအောင် ပြုလုပ်ပေးခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ ” ယ​နေ့ 7း 5း 2019. မှာ ကျ​ရောက်​တဲ့ ကျ​နော်​​မွေး​နေ့​လေးမှာ တွံ​တေးမြို့ တွင်​ ဆွမ်းကပ်​ခြင်း မိဘကို ကန်​​တော့ခြင်း ဘုန်းကြီးသင်္ကန်​များ​လျော်ခြင်းကုဋီ မစင်​အိမ်​သာများတိုက်​ခြင်း များပြုလုပ်​ကုသိုလ်​ပြုပါတယ် ” 

” ကျွန်ုပ်​ ယ​နေ့ ယခုပြု​သော ကုသိုလ်​အားလုံးကို အမျှ အမျှ အမျှ ​ပေးပါတယ်​ဗျ အားလုံးကျန်းမာချမ်းသာ လိုတိုင်းတ ရနိုင်​ပါ​စေဗျ ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေပြုရင်း အလှူလုပ်ကုသိုလ်ယူနေတဲ့ ကျော်ကျော်နန္ဒကတော့ ယနေ့ ညနေပိုင်း (၇) နာရီမှ (၁၀) နာရီအချိန်အထိ နိုဗိုတယ်ဟိုတယ်မှာ မွေးနေ့မင်္ဂလာပွဲကို ခမ်းခမ်းနားနားကြီး ကျင်းပပြုလုပ်ပေးသွားဦးမှာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒကတော့ အခုဆိုရင်​ အနုပညာသက်​တမ်း ၁၀နှစ်​​ကျော်​သွားပြီပဲ ဖြစ်​ပါတယ်​။ သူက​တော့ လတ်တလောမှာ အနုပညာမောင်နှမ​တွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ယနေ့ကျရောက်တဲ့ မွေးနေ့မနက်ပိုင်းမှာ ကုသိုလ်ကောင်းမှုတွေနဲ့ အလှူပြုကုသိုလ်ယူခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ ညနေပိုင်းမှာလည်း ဘယ်လိုအလန်းဇယားတွေဝတ်ပြီး မွေးနေ့မင်္ဂလာပွဲကို ကျင်းပပြုလုပ် သွားဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ချစ်ပရိသတ်တွေလည်း ကျော်​​ကျော်​နန္ဒအတွက် မွေးနေ့ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;Kyaw Kyaw Nanda’s Facebook

Comments are closed.