နားထောင်မိတိုင်း မျက်ရည်ကျစေမယ့် အဆိုတော် အယ်နီရှိုင်းရဲ့”နှလုံးသားမှလှုပ်ရှားလာသောငလျင်” သီချင်းဗီဒီယို

နားထောင်မိတိုင်း မျက်ရည်ကျစေမယ့် အဆိုတော် အယ်နီရှိုင်းရဲ့”နှလုံးသားမှလှုပ်ရှားလာသောငလျင်” သီချင်းဗီဒီယို

မိခင်ဆိုတာ သားသမီးတွေရဲ့နှလုံးသားထဲက သက်ရှိဘုရားတစ်ဆူမို့ ကလေးငယ်တွေရဲ့ အားကိုးချစ်ခင်မှုကို အပိုင်ဆိုင်ရဆုံးသော လူသားတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မမြဲတဲ့ လောကဓံတရားနဲ့ ရင်ဆိုင်ရပြီး ချစ်ရတဲ့ မိခင်နဲ့ ခွဲခွာရတဲ့အခါ သားသမီးတွေရဲ့ရင်မှာ ဖြေမဆည်နိုင်အောင် ခံစားရတတ်တာ ကြုံဖူးသူတိုင်း သိကြမှာပါ။ လတ်တလောမှာတော့ သူကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ ခံစားချက်ကို ရေးသားသီဆိုထားတဲ့ အဆိုတော်မလေး အယ်နီရှိုင်းရဲ့”နှလုံးသားမှလှုပ်ရှားလာသောငလျင်” သီချင်းဗီဒီယိုလေးက မိခင်ကိုချစ်တဲ့သူတိုင်း ရင်ထဲနင့်နေအောင် ခံစားရစေခဲ့ပါတယ်။

ချစ်ပရိသတ်တွေအတွက် အယ်နီရှိုင်း တို့မိသားစုရဲ့ ခံစားချက်အဖြစ်မှန်ကို ရေးဖွဲ့သိဆိုထားတဲ့ ” နှလုံးသားမှလှုပ်ရှားလာသောငလျင် ” သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါသီချင်းဗီဒီယိုလေးထဲမှာတော့ အဆိုတော် အယ်နီရှိုင်းတစ်ယောက် မိခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ အခန်းလေးက အနမ်းပေးနေတဲ့ ကြည့်ရှုကြရတဲ့ ပရိသတ်တွေရဲ့ရင်ကို နင့်စေခဲ့တာပါ။

အဆိုတော် အယ်နီရှိုင်းရဲ့ညီမငယ်လေးရဲ့မိခင်ကို တမ်းတနေတဲ့ ပုံရိပ်တွေကလည်း ဝမ်းနည်းစရာပါပဲနော်။

ကြည့်မိသူတိုင်း ရင်ထဲကို နင့်သွားစေမယ့် အဆိုတော် အယ်နီရှိုင်းရဲ့”နှလုံးသားမှလှုပ်ရှားလာသောငလျင်” သီချင်းဗီဒီယို

တက်သစ်စအဆိုတော်မလေး အယ်နီရှိုင်း တို့မိသားစုရဲ့ ခံစားချက်အဖြစ်မှန်ကို ရေးဖွဲ့သိဆိုထားတဲ့ ” နှလုံးသားမှလှုပ်ရှားလာသောငလျင် ” သီချင်းလေးကတော့ အရမ်းကို ရင်ထဲထိစေတာမို့ ပရိသတ်တွေကလည်း အားပေးနေကြတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း ရင်ထဲကို နင့်ခနဲ ခံစားသွားရစေတဲ့ အယ်နီရှိုင်းရဲ့သီချင်းလေးကို သဘောကျရင် အချင်းချင်း ဝေမျှပေးလိုက်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;MMN’s Facebook

Comments are closed.