အိမ်ရာမဲ့များ အတွက် ထမင်းဟင်း များနဲ့ အိပ်ယာခင်း၊ ခေါင်းအုံး တွေကို ညလုံးပေါက် သွား လှူဒါန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

အိမ်ရာမဲ့များ အတွက် ထမင်းဟင်း များနဲ့ အိပ်ယာခင်း၊ ခေါင်းအုံး တွေကို ညလုံးပေါက် သွား လှူဒါန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီ တို့ ဇနီးမောင်နှံဟာဆိုရင် လူငယ်ပရိသတ်တွေ ရဲ့ စိတ်ဝင်စားခြင်းခံထားရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ က တစ်ဦးကို တစ်ဦး တန်ဖိုးထားချစ်ခင်ကြသလို မရိုးနိုင်အောင် ရိုဆန်တဲ့ စုံတွဲလေးလို့ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ လည်း အတူတွဲလုပ်လာကြတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် ရွှေထူးနဲ့ ရွှေမှုံ တို့ရဲ့ အလှူပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးနဲ့ ရွှေမှုံရတီ တို့ ဇနီးမောင်နှံ တို့က မြန်မာနိုင်ငံမှာ မြင်တွေ့ရခဲတဲ့ မွန်မြတ်တဲ့ အလှူကို လှူဒါန်းခဲ့တာပါ။ ရွှေမှုံ က သူမ ကိုယ်တိုင်ချက်ထားတဲ့ ထမင်း ၊ ကြက်သား အာလူး၊ ချဉ်ပေါင်ကြော် တို့နဲ့ အတူ အိပ်ယာခင်း၊ ခေါင်းအုံး၊ ငွေသား တွေကို အိမ်ရာမဲ့များ အတွက် ဇနီးမောင်နှံ နှစ်ဦးက ညလုံးပေါက် လိုက်လံ လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရွှေမှုံ က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ” အမှတ်တရ ည လေးတစ်ည ဘာပဲဖြစ်ဖြစ် ကိုရွှေထူး ကိုကျေးဇူးပါတယ် 🙏🏼သူ့အလှူမှာ ပါဝင်ခွင့်ပေတဲ့အတွက် ရတဲ့ သဲ🙏🏼ပီတိတွေကလည်းစားမကုန်လောက်အောင်ပါပဲရှင်” ခုလိုပြောထားပါတယ်။

ရွှေမှုံက သူ့ရဲ့ ခင်ပွန်း ရွှေထူး ရဲ့ တိုက်တွန်းချက်ကြောင့် သူမကိုယ်တိုင် ထမင်းဟင်းများ ချက်ပြီး လှူဖြစ်တာပါလို့ ပြောထားပါသေးတယ်။ ဟိုးအရင်တုန်းကလည်း ရွှေထူးက ခုလို အိမ်ယာမဲ့ များကို လှူဖူးကြောင်းလည်း သိရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံ တို့ က ညလုံးပေါက် လိုက်လံ လှူဒါန်းနေတဲ့ ပုံရိပ်

ရွှေထူးနဲ့ ရွှေမှုံရတီ တို့ရဲ့ မွန်မြတ်တဲ့ အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျ လိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.