၄၉နှစ်ပြည့်မွေးနေ့မှာ ကိုလူချောအဖွဲ့ကိုအလှူပြုခဲ့တဲ့ လူမင်း

၄၉နှစ်ပြည့်မွေးနေ့မှာ ကိုလူချောအဖွဲ့ကိုအလှူပြုခဲ့တဲ့ လူမင်း

အန်ကယ်လေးလို့ချစ်စနိုးခေါ်ကြတဲ့ လူမင်းဟာ တစ်နိုင်ငံလုံးက အားပေးရတဲ့အောင်မြင်ကျော်ကြားတဲ့ဝါရင့်မင်းသားကြီးတစ်လက်ဖြစ်ပြီး အကယ်ဒမီများရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလိုလူငယ်တွေကို လက်တွဲခေါ်တတ်ပြီး သရုပ်ဆောင်တော်တော်များများရဲ့ လက်ဦးဆရာတစ်ဦးဆိုရင်လည်းမမှားပါဘူး။ လူမင်းဟာ အခုအချိန်အထိအောင်မြင်မှုကို ထိန်းထားနိုင်ဆဲဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘ၀လေးနဲ့အတူဘ၀ကို အေးချမ်းစွာဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင်လူမင်းဟာ ကုသိုလ်အလှူဒါနပြုဖို့ကိုလည်း လက်မနှေးတတ်သူတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးလပိုင်း (၇) ရက်နေ့ဟာ အန်ကယ်လေးရဲ့ ၄၉ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး အန်ကယ်လေးက ချစ်တဲ့မိသားစုနဲ့ အနုပညာဆွေမျိုးတွေနဲ့အတူ မွေးနေ့ပွဲကိုကျင်းပခဲ့ပြီး မွေးနေ့အထိန်းအမှတ်အဖြစ် ကိုလူချောအဖွဲ့ကိုငွေသားနဲ့ အ၀တ်အထည်တွေအလှူပြုခဲ့တယ်လို့သိရပါတယ်။ လူမင်းဟာ ကိုလူချောအဖွဲ့အပြင်အခြားနေရာတွေမှာလည်း ကြုံရင်ကြုံသလိုလှူလေ့ရှိသူလည်းဖြစ်ပါသေးတယ်။မွေးနေ့အလှူမှာတော့ လူမင်းက ဧည့်ပရိသတ်တွေကို အကျွေးအမွေးတွေနဲ့ တည်ခင်းဧည့်ခံပြီး ချစ်သူခင်သူတွေနဲ့ ချစ်တဲ့မိသားစုနဲ့ ပျော်ပျော်ပါးပါးမွေးနေ့ကိတ်ခွဲခဲ့ပါတယ်။

လူမင်းရဲ့အလှူအတွက်ကျေးဇူးတင်စကားနဲ့ မွေးနေ့ဆုတောင်းစကားကို ဦးအောင်ခိုင်က “ကျွန်တော်တို့ ကိုလူချောအဖွဲ့ကို ပစ္စည်းရောငွေရောလှူဒါန်းတဲ့ အန်ကယ်လေး၊ဇနီးခင်စံပယ်ဦး မိသားစုတွေအကုန်လုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီးတော့ ဒီ့ထက်မက ပို၍ပို၍လုပ်ငန်းများအဆင်ပြေချောမွေ့ပြီး မိသားစုများအားလုံး ရာသက်ပန်ရိုးမြေကျ တည်တံ့ပါစေဗျာ”လို့ ဆုတောင်းပေးထားခဲ့ပါတယ်။ အန်ကယ်လေးက ချစ်သူခင်သူတွေအလည်မှာ မွေးနေ့ကိတ်ကိုလိုက်ခွံ့ရင်းပျော်ရွှင်နေတာကိုလည်းတွေ့ရပါတယ်။ ကိုလူချောအဖွဲ့ဝင်များကလည်း “ကိုလူမင်းတို့ ကျွန်တော်တို့ ကိုလူချောအဖွဲ့ကို ဒီလိုမျိုးလှူဒါန်းတဲ့အတွက် ကျွန်တော်တို့အကုန်လုံး ၀မ်းလည်းဝမ်းသာတယ်။ ပီတိလည်းဖြစ်တယ်။ ကိုလူမင်းနဲ့ မခင်စံပယ်ဦးတို့မိသားစုဒီ့ထက်မက ကျန်းမာပါစေ ချမ်းသာပါစေ တိုးလည်းတိုးတက်ပါစေလို့ ကျွန်တော်တို့က ဆုတောင်းပေးပါတယ်”လို့ ပီတိဖြစ်စွာ ဆုတောင်းမေတ္တာပို့ထားတာတွေကိုတွေ့ရပါတယ်။

ကိုလူချောအဖွဲ့ရဲ့အသက်ကြီးအဖွဲ့ဝင်ကြီးများကလည်း လူမင်းကို အကယ်ဒမီထပ်ရပါစေလို့ဆုတောင်းပေးထားသလို မင်းသမီးချစ်ချစ်ဇော်ကလည်း ချစ်စရာကောင်းတဲ့မိသားစုလေးနဲ့အတူဘ၀ကိုဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးထားပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော လူမင်းကိုချစ်ကြလား။လူမင်းရဲ့ နောက်ထပ်ထွက်ရှိလာမယ့်အနုပညာတွေကိုရောအားပေးကြမှာလား။လူမင်းရဲ့ မွေးနေ့အတွက်လည်းမွေးနေ့ဆုတောင်းပေးခဲ့ကြပါဦး။

Can’t Wait To Say

Comments are closed.