တစ်ယောက်နဲ့တစ်ယောက်ချစ်မ၀နိုင်အောင်ဖြစ်နေကြတဲ့ ခေတ်နဲ့သစ်လေး

တစ်ယောက်နဲ့တစ်ယောက်ချစ်မ၀နိုင်အောင်ဖြစ်နေကြတဲ့ ခေတ်နဲ့သစ်လေး

Video လေးထဲမှာ မေမေချစ်သုဝေက သစ်လေးကိုထမင်းကျွေးနေတာဖြစ်ပြီး ဘေးမှာ ခေတ်လေးက ရစ်သီရစ်သီနဲ့ညီမလေးထမင်းစားတာကို ကူပေးနေတာပါ။ ခေတ်လေးက သစ်လေးကို ထမင်းစားလို့လည်း မပီကလာနဲ့ပြောလိုက်ပါသေးတယ်။သစ်လေးကလည်း ထမင်းစားရင်းနဲ့ ခေတ်ကို လှမ်းပြီးဖက်ထားတာတွေ့ရပါတယ်။ အရမ်းငယ်သေးတဲ့အရွယ်လေးတွေဖြစ်ပေမယ့် ခေတ်နဲ့သစ်ဟာ တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ကြီးပြီးချစ်ရကောင်းမှန်းသိနေကြပါပြီ။ သစ်လေးကလည်း စွပ်ပြုတ်တွေစားရင်းနဲ့ ခေတ်ကို ရင်ခွင်ထဲထည့်ပြီးခွံ့နေပါသေးတယ်။

သစ်လေးက ခေတ်လေးကို ရင်ခွင်ထဲထည့်ထားချိန်မှာ ခေတ်လေးကလည်း သဘောကျနေဟန်နဲ့ ညီမလေးဖက်ထားတာကိုငြိမ်ငြိမ်လေးခံနေတာဟာ တကယ်ကို အသည်းယားအောင်ချစ်စရာကောင်းလွန်းပါတယ်။ ချစ်သုဝေက သမီးလေးကို “ညီမလေးချစ်တာခံနေတာလား မမကြီးက”လို့ ပြောတော့ ခေတ်လေးက ကျေနပ်နေဟန်နဲ့ငြိမ်လို့ပါ။ ခေတ်လေးကို သစ်လေးက ဖက်ထားရင်းနဲ့ ခေါင်းလေးမှီိပြီးတော့ အကြင်နာတွေပြနေတာလည်း အသည်းယားဖွယ်တွေ့ရမှာပါ။ ချစ်သုဝေက သမီးလေးတွေကိုချစ်လွန်းလို့ သမီးနစ်ယောက်ကြားကချစ်ခြင်းမေတ္တာဆိုတဲ့ That Bonding ဆိုတဲ့ စာလေးနဲ့ video လေးကိုတင်ထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခေတ်လေးနဲ့သစ်လေးကိုချစ်ကြလား။ ခေတ်လေးနဲ့သစ်လေးအရွယ်ရောက်လာလို့ မေမေ့လို မင်းသမီးလုပ်မယ်ဆိုရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Comments are closed.