ထိုင်းနိုင်ငံမှာ သွားရောက်ပြသနိုင်တဲ့အထိ အောင်မြင်နေတဲ့ မုန်းစွဲရုပ်ရှင်

ထိုင်းနိုင်ငံမှာ သွားရောက်ပြသနိုင်တဲ့အထိ အောင်မြင်နေတဲ့ မုန်းစွဲရုပ်ရှင်

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာနိုင်ငံမှာ ရုံပြည့်ရုံလျှံ အားပေးကြသလို အကယ်ဒမီ ဆုတွေလည်း ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံမှာ တစ်ပြိုင်နက် ပြသနိုင်ခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်ကားကြီးကို ထိုင်းနိုင်ငံမှာ သွားရောက်ပြသသွားမယ်လို့ သိရပါတယ်။ မေလ (၁၁) နဲ့ (၁၂) မှာတော့ ကိုနေတိုး ၊ ကျော်ကျော်ဗိုလ်နဲ့ ဒါရိုက်တာ သြရသတို့က ထိုင်းနိုင်ငံကို သွားရောက်ပြီး ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မုန်းစွဲ ပရိသတ်တွေကို နေတိုးက ခုလိုမျိုး သတင်းစကားလေး ပါးထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ပရိသတ်ကြီးကို သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်။ ကျွန်တော်အပါအဝင် မုန်းစွဲရုပ်ရှင်အဖွဲ့သားတွေ ထိုင်းနိုင်ငံကို လာရောက်တွေ့ဆုံသွားဖို့ ရှိပါတယ်။ ပြသသွားမယ့်နေရာတွေနဲ့ လာရောက်တွေ့ဆုံမယ့် နေရာကိုတော့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား ပေ့ခ်ျမှာ ကြေညာထားပါတယ်။

မန်မာနိုင်ငံမှာဆိုရင် မုန်းစွဲရုပ်ရှင်ဇာတ်ကားက ပြသတဲ့အချိန် ပြသတဲ့နေရာတိုင်းမှာ အောင်မြင်မှုတွေ ရခဲ့တယ်။ ပြီးတော့ ရုပ်ရှင်ရဲ့ quality ပိုင်း ဇာတ်လမ်းပိုင်း တင်ဆက်မှုပိုင်းရော အဖက်ဖက်က ပြည့်စုံနိုင်အောင် ကြိုးစားထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ ဆုတွေလည်း ရခဲ့ပါတယ်။ ဒီကားလေးကို ထိုင်းမှာရှိတဲ့ ပရိသတ်တွေ ကြည့်ခွင့်ရတော့မယ်ဆိုလို့ ပီတိဖြစ် ဝမ်းသာရပါတယ်။ အမှတ်တရကတော့ ဒီကားက အချိန်ကြာကြာအောင်မြင်တာဖြစ်လို့ မုန်းစွဲက ကျွန်တော့်ဘဝရဲ့ အမှတ်တရပါပဲ။” ဆိုပြီး ပြောသွားပါတယ်။

ထိုင်းပရိသတ်တွေအတွက် မေလ (၉) ရက်နေ့မှ စတင်ပြီး SF Cinema ရုပ်ရှင်ရုံ အုပ်စုအပြင် Major Cinema ရုပ်ရှင်ရုံ အုပ်စုမှလည်း တစ်ပြိုင်နက်တည်း ပြသပေးသွားမယ်လို့ သိရပါတယ်။

Comments are closed.