စိုင်းစိုင်းခမ်းလှိုင်လို ပရိသတ်တွေနဲ့ Birthday Show ကြီးလုပ်ချင်တာဆိုတဲ့ ကျော်ကျော်နန္ဒရဲ့ဗီဒီယို

စိုင်းစိုင်းခမ်းလှိုင်လို ပရိသတ်တွေနဲ့ Birthday Show ကြီးလုပ်ချင်တာဆိုတဲ့ ကျော်ကျော်နန္ဒရဲ့ဗီဒီယို

အဆိုတော် ကျော်ကျော်နန္ဒကတော့ လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အများနဲ့မတူ တစ်မူထူးခြားတဲ့ ဖက်ရှင်အလန်းစားတွေကို ဝတ်ဆင်လေ့ရှိတဲ့ ကျော်ကျော်နန္ဒက အမိုက်စား သီချင်းဗီဒီယိုတွေကိုလည်း ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူရဲ့ သီချင်းဗီဒီယိုတွေက ပရိသတ်တွေကြားမှာ လူကြည့်များပြီး နာမည်ကြီးအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၇) ရက်နေ့ကတော့ ကျော်ကျော်နန္ဒရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် မွေးနေ့ပါတီပွဲကြီးကို ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမွေးနေ့ပါတီပွဲမှာတော့ ကျော်ကျော်နန္ဒက နှင်းဆီပန်းတွေနဲ့ အလှဆင်ထားတဲ့ အလန်းစားဖက်ရှင်နဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဧည့်ပရိသတ်တွေများစွာနဲ့ ကျင်းပခဲ့တဲ့ မွေးနေ့ပါတီပွဲမှာတော့ ကျော်ကျော်နန္ဒက ပရိသတ်တွေသိလိုသမျှကိုလည်း ဖြေကြားခဲ့ပါတယ်။

ကျော်ကျော်နန္ဒက ” ကိုကြီးစိုင်းစိုင်းခမ်းလှိုင်တို့လို Happy Birthday Show ကြီးကို ပရိသတ်တွေအများကြီးနဲ့ လုပ်ချင်တာ ဒီလောက်နဲ့ မကျေနပ်နိုင်သေးဘူး ဖွေးဖွေး ကတော့ “ကျွန်မကနှင်းဆီပါမောင်” ပေါ့ ကျွန်တော်ကတော့ Happy Birthday မှာ “ကျွန်တော်က နှင်းဆီပါကိုကို” လုပ်ကြည့်တာ…” ဆိုပြီး အင်တာဗျူးမှာ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်နန္ဒရဲ့အင်တာဗျုးဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Myanmarload TV;

Comments are closed.