ယုံကြည်မှုတွေတိုးပြီး ပိုလှလာသလို အောင်မြင်မှုတွေလည်း ပိုမိုရရှိလာပြီဖြစ်တဲ့ နေခြည်ဦး

ယုံကြည်မှုတွေတိုးပြီး ပိုလှလာသလို အောင်မြင်မှုတွေလည်း ပိုမိုရရှိလာပြီဖြစ်တဲ့ နေခြည်ဦး

Beauty Blogger အဖြစ်ရော ရုပ်ရှင်သရုပ်ဆောင် အဖြစ်ပါ နာမည်တစ်လုံးနဲ့ အောင်မြင်နေသူကတော့ မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ့် ယုံကြည်မှုအပြည့်နဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ နေခြည်ဦးက အခက်အခဲတွေကို ဖြတ်ကျော်ပြီး ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ပိုင်ဆိုင်လာခဲ့သူပဲ ဖြစ်ပါတယ်။ Social Media ထက်မှာ မသိသူမရှိအောင် လူကြိုက်များနေတဲ့ နေခြည်ဦးက အမာခံပရိသတ်တွေ အများအပြား ရရှိထားတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နေခြည်ဦးက သူမဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို အားစိုက်လုပ်ကိုင်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းမှာလည်း နေခြည်ဦးက မင်းသားချော နေတိုးနဲ့အတူ ” အခမ်းနားဆုံး မေတ္တာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “Telenor x CB Bank Visa credit card launching event” ကိုလည်း နေခြည်ဦးက တက်ရောက်ခဲ့ရပါတယ်။

အနက်ရောင်ပွဲတက်ဖက်ရှင်နဲ့ ခမ်းနားလှပစွာ ပွဲတက်လာခဲ့တဲ့ နေခြည်ဦးက ယုံကြည်မှုအပြည့်နဲ့ အရင်ကထက် ပိုတိုးလို့ လှလာတာ တွေ့ရပါတယ်။ နေခြည်ဦးက အားလုံးရဲ့စိတ်အာရုံကို ညို့အားပြင်းတဲ့ မျက်ဝန်းလေးတွေနဲ့ ဖမ်းစားနိုင်ခဲ့တာကြောင့် မြင်သူတိုင်းက ရင်သပ်ရှုမောခဲ့ရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်မြင်မှု သရဖူဆောင်းနေတဲ့ နေခြည်ဦးရဲ့ ပွဲတက်အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Nay Chi Oo;

Comments are closed.