ပိုင်တံခွန်နဲ့ Video call ပြောရလို့ အရူးတပိုင်းလို ဖြစ်နေတဲ့ ကောင်မလေးရဲ့ ဗီဒီယို

ပိုင်တံခွန်နဲ့ Video call ပြောရလို့ အရူးတပိုင်းလို ဖြစ်နေတဲ့ ကောင်မလေးရဲ့ ဗီဒီယို

လက်ရှိမြန်မာနိုင်ငံမှာ ရေပန်းအစားဆုံးနဲ့ အအောင်မြင်ဆုံး ဆွဲဆောင်မှုအရှိဆုံး မော်ဒယ်ကို ပြပါဆိုရင်တော့ ပိုင်တံခွန်ကိုပဲ ပြရမှာပါ။ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်နဲ့ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်၊ တက်တူးတွေနဲ့ အထာကျနေတဲ့ ပိုင်တံခွန်တယောက်ကတော့ လက်ရှိမှာဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်တယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ အနုပညာလောကကို မော်ဒယ်တယောက်အနေနဲ့ပဲ ဝင်ရောက်လာပြီး လက်ရှိမှာတော့ ပြည်ပနိုင်ငံတွေကပါ ခေါ်ပြီးသုံးရလောက်တဲ့အထိကို အောင်မြင်မှုကြီးကြီးမားမား ရရှိနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်တံခွန်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပိုင်တံခွန်ရဲ့ ပရိသတ် ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဗီဒီယိုဟာ ရေပန်းစားလို့နေပါတယ်။ သူမဟာ ပိုင်တံခွန်နဲ့ Video Call ခေါ်ပြောခွင့်ရခဲ့တာဖြစ်ပြီး အရမ်းကို ပျော်လွန်းလို့ ဟန်မဆောင်နိုင်လောက်အောင် ဖြစ်နေတဲ့ သူမ ပုံရိပ်တွေကို မိသားစုဝင်တစ်ယောက်က စနောက်ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာကနေ တဆင့် ပိုင်တံခွန်ကတွေ့သွားပြီး ချစ်ဖို့ကောင်းလိုက်တာ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြန်လည်မျှဝေလိုက်တဲ့အတွက် ပရိသတ်တွေ တော်တော်များများကို ဒီဗီဒီယိုလေးက ပြန့်သွားပြီး ရေပန်းစားနေတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကလည်း ထိပ်တန်းမော်ဒယ်တယောက်ဖြစ်ပေမယ့်လည်း သူ့ဘဝကိုတော့ လွတ်လွတ်လပ်လပ် ပုံမှန်လေးပဲ ဖြတ်သန်းပြီး သူ့ပရိသတ်တွေနဲ့လည်း အမြဲတမ်း ရင်းရင်းနှီးနှီး ထိတွေ့ပေးတာကို တွေ့ရမှာပါ။ ပရိသတ်တွေကို အမြဲတမ်းလေးစားတဲ့ အနုပညာရှင်တယောက် ဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူ့ကို တစထက်တစတိုး ချစ်လာကြပြီး ပရိသတ်အခိုင်အမာ ရရှိလာတာ ဖြစ်ပါတယ်။

ကိုယ်အားပေးတဲ့ အနုပညာရှင်တယောက်နဲ့ Video call ပြောခွင့်ရတာက တော်ရုံကံကောင်းမှုမျိုးတော့ မရဘူးလေ။ ဒီကောင်မလေးကတော့ သူချစ်တဲ့ အနုပညာရှင် ပိုင်တံခွန်နဲ့ ဒီလိုမျိုး ပြောခွင့်ရလိုက်တာကြောင့် ပြောမပြနိုင်လောက်တဲ့ ပျော်ရွှင်မှုမျိုး ဖြစ်သွားမှာ အမှန်ပါပဲ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း ပိုင်တံခွန်ကို အားပေးကြတဲ့ သူတွေ ပါကြလား။ ပိုင်တံခွန်ရဲ့ ပရိသတ်ကောင်မလေး ပျော်ရွှင်သွားတဲ့ ဗီဒီယိုကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း အပျော်တွေဝေမျှလို့ရအောင် အောက်မှာဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.