သူငယ်ချင်းတွေမအားလို့ တစ်ကိုယ်တည်းအထီးကျန်နေတဲ့ စိုင်းစိုင်း

သူငယ်ချင်းတွေမအားလို့ တစ်ကိုယ်တည်းအထီးကျန်နေတဲ့ စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှုကိုအချိန်တွေအကြာကြီးထိန်းထားနိုင်တဲ့ထိပ်တန်းအနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အချစ်ခံရဆုံးအနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ အရွယ်မရွေးအချစ်ခံရတဲ့ စိုင်းစိုင်းဟာ သူ့ကိုယ်သူဆယ့်ခြောက်နှစ်လို့အမြဲပြောလေ့ရှိပြီး တကယ်လည်း ဆယ့်ခြောက်နှစ်လိုနုနယ်ပျိုမြစ်တဲ့စိတ်ထားမျိုးပိုင်ဆိုင်သူပါ။ လူတွေကအသက်ကြီးလာရင် စိတ်တွေကပါအနည်းနဲ့အများတော့ပြောင်းလဲသွားလေ့ရှိပေမယ့် စိုင်းစိုင်းကတော့ အသက်ကြီးလာတာတောင် လူငယ်လေးတစ်ယောက်လိုပဲ လူတွေကို နားလည်ခွင့်လွှတ်တတ်တဲ့စိတ်၊ အေးချမ်းတဲ့စိတ်တွေဟာ မပြောင်းမလဲရှိနေဆဲပဲဖြစ်ပြီးသီချင်းအသစ်အသစ်တွေနဲ့အတူ လူငယ်တွေနဲ့စီးမျောပျော်ဝင်နေတတ်ဆဲပါပဲ။

မကြာသေးမီက စိုင်းစိုင်းက သူ့မှာသူငယ်ချင်းအသစ်တွေလိုနေတယ်ဆိုပြီး status တစ်ခုတင်ခဲ့ပါတယ်။အကြောင်းကတော့ သူ့သူငယ်ချင်းတွေက အသက်တွေကြီးသွားကြပြီး အလုပ်တွေလုပ်ကုန်ကြလို့ဘယ်သူ့ကိုမှကစားဖို့ခေါ်လို့မရတော့တာကြောင့်ပါတဲ့။ စိုင်းစိုင်းက သူ့ရဲ့လူမှုကွန်ုယက်မှာ “I need new friends ,all my friends are grown up and working and cannot call anyone for playing game FML”သူငယ်ချင်းတွေကို ကစားဖို့ခေါ်မရလို့ စိတ်ညစ်နေတဲ့ ကလေးကြီးစိုင်းစိုင်းက တကယ့်ကို Neverland က Peter Pan လိုပါပဲ။ စိုင်းစိုင်းရဲ့သူငယ်ချင်းအချို့နဲ့အသိအကျွမ်းတွေကတော့ ကစားမယ်လို့ comment တွေဝင်မန့်ထားကြပြီး စိုင်းစိုင်းနဲ့ အဖော်ပြုပေးချင်နေတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေကလည်းဝင်ပြီး comment တွေပေးထားကြပါတယ်။

နောက်ထပ်နာရီအနည်းငယ်အကြာမှာတော့ စိုင်းစိုင်းက သူ့ရဲ့ facebook story မှာ ကွန်ပျူတာဂိမ်းကစားပြီးပျော်နေတာကိုတွေ့ရပါတယ်။ သူနဲ့လာကစားမပေးတဲ့ သူငယ်ချင်းတွေကို “အခုတော့ ဘယ်သူမှမလိုတော့ဘူး” လို့အဓိပ္ပါယ်ရတဲ့ စာလေးရေးထားပြီး ချေထားပါသေးတယ်။ အဲဒီ myday ရဲ့နောက်ကတစ်ခုမှာတော့ ကလေးကြီးစိုင်းစိုင်းက KitKat ချောကလက်ဘူးကြီးရလို့ ကလေးတစ်ယောက်လိုပျော်နေပြီး ခုန်ဆွခုန်ဆွလုပ်နေကာ ချောကလက်ဘူးကြီးကိုလည်း ဖွင့်ပြပြီးကြွားတဲ့ video အတိုလေးတွေလည်းတင်ထားပါသေးတယ်။

ပရိသတ်ကြီးရော စိုင်းစိုင်းကိုချစ်ကြလား။ စိုင်းစိုင်းရဲ့ မန္တလေး show ပွဲကိုရောသွားမှာလား။ စိုင်းစိုင်းရဲ့ နောက်ထပ်သီချင်းအသစ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.