ရင့်ကျက်တဲ့ မိန်မပျိုတစ်ယောက်ရဲ့အလှတရားကို ပြသလိုက်တဲ့ မအေးသောင်း

ရင့်ကျက်တဲ့ မိန်မပျိုတစ်ယောက်ရဲ့အလှတရားကို ပြသလိုက်တဲ့ မအေးသောင်း

နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မမ​အေး​သောင်းက​တော့ ပရိသတ်တွေရဲ့အား​ပေးမှု​ကြောင့်​ နှစ်​​တွေကြာမှ အနုပညာလောကထဲသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာတာပဲဖြစ်​ပါတယ်​။ အမြဲလိုလို အလှပုံရိပ်တွေ ဝေမျှပေးလေ့ရှိတဲ့ မအေးသောင်းက လတ်​တ​လောမှာ​လည်း မြန်မာဆန်တဲ့ သူမရဲ့ အလှပုံရိပ်​​လေး​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ မြန်​မာဆန်​တဲ့ ကိုယ်​လုံးကိုယ်​​ပေါက်​ကို ပိုင်​ဆိုင်​ထားတဲ့ မ​အေး​သောင်း​တော့ မြန်​မာဝတ်​​စုံလေးနဲ့ အရမ်းကိုလိုက်​ဖက်ပြီး လှရက်လွန်းနေတာပါ။

ချစ်​ပရိသတ်​​တွေအတွက်​ မြင်​ရသူ​တွေကို ရင်​​အေး​စေ​လောက်​​အောင်​ကို လှ​ရက်​လွန်းတဲ့ မ​အေး​သောင်းရဲ့ အလှပုံရိပ်​​တွေကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။

မ​အေး​သောင်းက​တော့ “ပိန်လိုက် ဝလိုက်ပါပဲ ဒီလိုနဲ့ပဲ မင်းလို ချစ်လိုက် လွမ်းလိုက်ပါပဲ။” ဆိုပြီး Ro ဆန်​ဆန်​​ရေးထားတဲ့စာ​လေးနဲ့ သူမရဲ့ အလှပုံရိပ်​​လေး​တွေကို လူမှုကွန်​ယက်​​ပေါ်မှာ ​ဝေမျှ​ပေးထားတာပဲ ဖြစ်​ပါတယ်​။

မအေးသောင်းကတော့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာမို့ မိန်းကလေးတိုင်းအားကျရတဲ့ အလှပိုင်ရှင်လေးတစ်ဦးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မအေးသောင်းကတော့ တလောက ရုံတင်ပြသသွားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ကြာဥဆိုတဲ့ ဇာတ်ကောင်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့သဲသဲလှုပ်အားပေးခြင်းကို ခံထားရပါသေးတယ်။ စကားကြွယ်လွန်းတဲ့သူမကတော့ ပရိသတ်တွေနဲ့ အမြဲလိုလိုကဗျာတွေ စာတွေနဲ့ ဆက်သွယ်လေ့ ရှိပါတယ်နော်။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ မမအေးသောင်းကိုချစ်ရင် S hare သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.