သမီးလေးတွေကြီးလာရင်ပြဖို့ သူမကဘယ်လိုလူမျိုးလဲ ဆိုတာ ပရိသတ်တွေရဲ့အမြင်ကို မေးခွန်းထုတ်လိုက်တဲ့ နန္ဒာလှိုင်

သမီးလေးတွေကြီးလာရင်ပြဖို့ သူမကဘယ်လိုလူမျိုးလဲ ဆိုတာ ပရိသတ်တွေရဲ့အမြင်ကို မေးခွန်းထုတ်လိုက်တဲ့ နန္ဒာလှိုင်

တစ်ချိန်က ပရိသတ်တွေကြားမှာ နာမည်ကြီး လူကြိုက်များတဲ့ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင် ဟာဆိုရင် သရုပ်ဆောင် ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်သူလေးပါ။ ချောမောလှပတဲ့ မျက်နှာလေး နဲ့ ကျော့ရှင်းလှပတဲ့ အမိုက်စား Body ကို ပိုင်ဆိုင်ခဲ့တာကြောင့် ပုရိသတွေ ရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် နန္ဒာလှိုင်က သမီးလေးတွေ ကြီးလာတဲ့အခါ သူမအကြောင်းကို သိစေချင်တယ် လို့ပြောထားတဲ့ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

အနုပညာလုပ်ရှားမှုတွေ လုပ်ကိုင်စဉ်တုန်းကလည်း မြန်မာ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးများထဲမှာ နံပါတ် ၁ လို့ပြောရင်လည်း မမှားပါဘူး ။ကြော်ငြာတိုင်းမှာလည်း သူမပုံရိပ်တွေ တွေ့ရသလို၊ သီချင်း MV များမှာလည်း သူမရဲ့ ပုံရိပ်တွေက နေရာယူထားခဲ့တာပါ။ နန္ဒာလှိုင်က သူမရဲ့ ခင်ပွန်း နဲ့ အိမ်ထောင်ကျ ပြီး နောက်ပိုင်းမှာတော့ အနုပညာလောက မှ ထွက်ခဲ့ပြီး ချစ်ရတဲ့ မိသားစုလေးနဲ့ ဘ၀ကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင် က အနုပညာ အလုပ်တွေ မလုပ်တော့ ပေမယ့် သူမကို ချစ်ခင်အားပေးခဲ့တဲ့ အမာခံ ပရိသတ်တွေ ခုအချိန်ထိ ချစ်ခင်အားပေးကြတုန်းပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ကလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစု ပုံရိပ်ကလေးတွေကို ချစ်ပရိသတ်တွေ အတွက် ဖော်ပြပေးလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ နန္ဒာလှိုင်က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ သမီးလေးတွေကြီးလာရင် သူတိုရဲ့  မေမေ ကဘယ်လိုလူမျိုးလဲ ဆိုတာ တစ်ချိန်မှာ သမီးလေးတွေဖတ်မိအောင် မေမေက ပြောပြတဲ့ မေမေအကြောင်းမဟုတ်ပဲ ပရိသတ်တွေ ကမြင်တဲ့ မေမေအကြောင်းကို သိစေဖို့အတွက် ပရိသတ် အမြင်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

နန္ဒာလှိုင်က ” ကိုယ့်အကြောင်းတော့ကိုယ်သိတာပေါ့နော် ဒါပေမယ့်အများကကိုယ့်အပေါ်မြင်တဲ့အမြင်လေးလဲသိချင်ပါတယ်။ သမီးလေးတွေကြီးလာတဲ့အခါသူတို့မေမေအကြောင်းဖတ်လို့ရတာပေါ့မေမေပြောတဲ့မေမေ့အကြောင်းဘဲမဟုတ်ဘဲ အများကပြောတဲ့မေမေ့အကြောင်းလဲသိစေချင်ပါတယ်ဘာဘဲဖြစ်ဖြစ် ပေါ့” ခုလိုပြောထားပါတယ်။

သရုပ်ဆောင် နန္ဒာလှိုင် က သမီးလေးတွေ အတွက် ပရိသတ်ကြီးရဲ့ သူမအပေါ်အမြင် ကို မေးခွန်းထုတ်လိုက်တဲ့ အကြောင်းကို သိလောက်ပြီ ထင်ပါတယ်။ ချစ်ပရိသတ်ကြီးကလည်း သရုပ်ဆောင် နန္ဒာလှိုင် အပေါ် အမြင်လေးတွေကို ပြောပေးလိုက်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.