မမဆူဇီဆီက မုန့်ဖိုး တစ်သိန်းရလို့ ပျော်နေတဲ့ ညီမလေး ပိုပို

မမဆူဇီဆီက မုန့်ဖိုး တစ်သိန်းရလို့ ပျော်နေတဲ့ ညီမလေး ပိုပို

ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားပြီး အောင်မြင်မှုတွေကို ရရှိလာတဲ့ အဆိုတော်မလေး ပိုပိုကတော့ အခုဆိုရင် သူမရဲ့ဝင်ငွေနဲ့ အိမ်ကောင်းကောင်းလေး တစ်လုံး ဆောက်နိုင်တဲ့အထိကို စုဆောင်း ခြွေတာသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အဆိုတော် ပိုပိုက သူမရဲ့အိမ်အသစ်အတွက် မြက်ခင်းနဲ့ နွယ်ပင်လေး စိုက်ဖို့ ချစ်ရတဲ့ အမဆူဇီဆီက မုန့်ဖိုး တစ်သိန်းရလို့ ပျော်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မမဆူဇီဆီက မုန့်ဖိုးရလိုက်တဲ့ ပိုပိုကတော့ ကလေးတစ်ယောက်လို အပျော်ကြီး ပျော်နေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အမအရင်းတစ်ယောက်လို ချစ်ရတဲ့ ဆူဇီဆီက မုန့်ဖိုးတစ်သိန်းရလို့ ပျော်နေတဲ့ အဆိုတော် ပိုပိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ “သူ့ညီမ အိမ်တက် ကို ဘာလက်ဆောင်ပေးရမလဲတဲ့ အိမ်ရှေ့က မြက်ခင်းနဲ့ နွယ်ပင်လေး စိုက်ပေး ဆိုတော့ မုန့်ဖိုး လှမ်းပေးတယ် မုန့်ဖိုး မရတာ ကြာပြီဆိုတော့ အရမ်း ပျော်တယ် ကိုယ့်အမ က ကိုယ့်ကို အဲ့လိုချစ်တာ ❤️😍love you my lovely sis” ဆိုပြီး ကလေးတစ်ယောက် မုန့်ဖိုးရသလို ပျော်နေတဲ့အကြောင်းလေး ရေးသားထားတာ တွေ့ရပါတယ်။

အဆိုတော် ဆူဇီနဲ့ ပိုပိုတို့ သူငယ်ချင်းနှစ်ဦးကတော့ မကြာခဏဆိုသလို ခရီးတွေ အတူထွက်လေ့ရှိပြီး အမြဲလိုလို ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ရလေ့ရှိပါတယ်။ အဆိုတော် ပိုပိုကတော့ လတ်တလောမှာ အိမ်အသစ်အတွက် အလုပ်တွေရှုပ်နေတာဖြစ်ပြီး သီချင်းအသစ်တွေထွက်ဖို့လည်း သီချင်းရေးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ ဆက်ဆံရေးရှိတဲ့ ပိုပိုနဲ့ ဆူဇီတို့သူငယ်ချင်းနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.