မေအရွယ်ကြီးက အန်တီခေါ်လို့ ပိုလှသွားအောင် ဆံပင်တွေကောက်လိုက်တဲ့ ခွန်းဆင့်နေခြည်

မေအရွယ်ကြီးက အန်တီခေါ်လို့ ပိုလှသွားအောင် ဆံပင်တွေကောက်လိုက်တဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင်အဆိုတော် ခွန်းဆင့်နေခြည်တစ်ယောက် အနုပညာအလုပ်တွေကို အရင်လို ပြန်လုပ်နေပြီပဲဖြစ်ပါတယ်။ သူမကိုယ်တိုင်ထုတ်လုပ်ပြီး ပါဝင်ရိုက်ကူးခဲ့တဲ့ ” မှော်ဝင် သမာန်းကျား ” ဇာတ်လမ်းဟာလည်း ဇာတ်ဆောင်ဆုတစ်ဆုရရှိထားပါ သေးတယ်။ ဒီဇာတ်လမ်းကို သူမတော်တော်လေး ပင်ပင်ပန်းပန်းရိုက်ကူးခဲ့ရပြီး အခုလိုဆုချီးမြှင့်ခံရ တော့လည်း ဝမ်းသာကြောင်းဆိုခဲ့ပါသေးတယ်။ မိုင်တိုင် 76 ဇာတ်ကားမှာ စတင်ပြီး သူမကို ပရိသတ်တွေသတိထားမိကာ အားပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီနောက်မှာတော့ သီချင်းတွေသီဆိုပြီး ပရိသတ်အားပေးမှုကို ထပ်မံရရှိခဲ့တာပဲဖြစ်ပါ တယ်။ သူမက အင်္ဂလန်နိုင်ငံမှာ အနုပညာနဲ့ပက်သက်တဲ့ သင်တန်းတွေလည်းသွား ရောက်သင်ကြားခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ အပျိုကြီးမမတစ်ယောက် သူမထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်က သူမကို အဒေါ်ကြီးလို့ခေါ်လို့ စိတ်ညစ်ညစ်နဲ့ ဆံပင်တွေသွားကောက်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်မှာ ခပ်နောက်နောက်လေး တင်လိုက်တာပဲဖြစ်ပါတယ်။

သူမရဲ့အလှအပပြင်ဆင်မှုပုံရိပ်တွေကို ” ကိုယ့်အမေအရွယ်ကြီးက ကိုယ့်ကိုအန်တီဟု ခေါ်သောအခါ စိတ်ရူးပေါက်၍ ဆံပင်တွေ ဓါတ်ကင်လိုက်ခြင်း (တင်းတယ် တင်းတယ်) ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဘယ်လိုပြင်ပြင်လှနေတဲ့ အပျိုကြီးမမတစ်ယောက် ဆံပင်အကောက်လေးနဲ့လည်း အရမ်းကိုကြည့်ကောင်းလွန်းနေတာမို့ တင်ဆက်ပေး လိုက်ပြီနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – Khun Sint Nay Chi

Comments are closed.