ပထမဆုံးအတူတူ တွဲရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှ အမှတ်တရအဖြစ်အပျက်တွေကို ပြောပြလာတဲ့ ရွှေနှစ်ရွှေ

ပထမဆုံးအတူတူ တွဲရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှ အမှတ်တရအဖြစ်အပျက်တွေကို ပြောပြလာတဲ့ ရွှေနှစ်ရွှေ

ပရိသတ်ချစ်တဲ့ အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးက အိမ်ထောင်သက်တမ်း (၆) လကြာတဲ့ အချိန်ထိတိုင် ကြင်စဦး ဇနီးမောင်နှံလေးလို ချစ်လို့ ကြင်နာလို့ မဝကြသေးပါဘူး။ ရွှေထူးနဲ့ ရွှေမှုံရတီတို့က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ကိုယ်စီ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေကြပေမယ့် သာယာတဲ့ အိမ်ထောင်ရေးလေးဖြစ်အောင် ကြိုးစားနေကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလဲ ရွှေထူးနဲ့ ရွှေမှုံတို့ နှစ်ယောက်ပေါင်းဖန်တီးတဲ့ အနုပညာကို အရင်ကထက်တောင် ပိုပြီး အားပေးကြတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ယောက်ပေါင်းပြီး ပထမဆုံး ရိုက်ကူးထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကလဲ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ထို “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးက ရွှေထူးနဲ့ ရွှေမှုံရတီတို့ ချစ်သူမဖြစ်ခင်ကတည်းက ရိုက်ကူးထားတာ ပဲ ဖြစ်ပါတယ်။

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးးကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့က အဓိကသရုပ်ဆောင်ပြီး ဖြိုးငွေစိုးက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးရဲ့ အမှတ်တရတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ရွှေနှစ်ရွှေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုရဖို့ မစောင့်နိုင်ကြတော့ဘူးလို့ ထင်ပါတယ်။ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၃၀) ရက်နေ့မှာ စတင်ရုံတင်ပြသမှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.