ရှုတင်နားရက်မှာတင်လိုက်တဲ့ပုံလေးတွေကြောင့် သူငယ်ချင်းတွေစနောက်တာခံနေရတဲ့ ကျော်ကျော်

ရှုတင်နားရက်မှာတင်လိုက်တဲ့ပုံလေးတွေကြောင့် သူငယ်ချင်းတွေစနောက်တာခံနေရတဲ့ ကျော်ကျော်

ဇာတ်ပို့သရုပ်ဆောင် မင်းသား ကျော်ကျော်ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေ သဘောကျနှစ်သက်အောင် ရသမျိုးစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို လက်ခံရရှိခဲ့ရတာပဲဖြစ်ပါတယ်။ မျက်နှာပြောင်ပြီး ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ကျော်ကျော်ကတော့ “လူးလူးစိန်” ရုပ်သံဇာတ်လမ်းတွဲမှာလည်း မင်းသမီးချောလေး စိုးပြည့်သဇင်နဲ့အတူ သရုပ်ဆောင် ရိုက်ကူးပေးနေတဲ့ မင်းသားချော တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ ကျော်ကျော်ကတော့ ယနေ့ ရှုတင်နားရက်လေးမို့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်တွေအတွက် အပျင်းပြေ တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အားလပ်ရက်လေးနဲ့ ပရိသတ်တွေကို ပျော်စေချင်တဲ့ စိတ်တစ်ခုနဲ့ မိန်းမအသွင်နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တဲ့ ကျော်ကျော်ကတော့ သူငယ်ချင်းတွေနဲ့ စနောက်ကျီစယ်မှုကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ချစ်တဲ့သူအပေါင်းကို ပျော်စေချင်တဲ့ စိတ်တစ်ခုနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးအသွင်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တဲ့ ကျော်ကျော်ရဲ့ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

မိန်းကလေး အသွင်နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ချပြပေးလာခဲ့တဲ့ ကျော်ကျော်ကတော့ ” ရှူတင်နားရက်လေးမှာ ပျော်ရွှင်နေသော မိကျော်..ဝုန်း 😁😁” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ကျော်က “လူးလူးစိန်” ဇာတ်လမ်းတွဲမှာ မိန်းမလျာတစ်ယောက်နေရာကနေ သရုပ်ဆောင်ရတဲ့ ကာရိုက်တာကို ရိုက်ကူးခဲ့ရတာကြောင့် သူငယ်ချင်းတွေနဲ့ ကားရိုက်မပီးခင် ဇာတိပြနေပြီဆိုပြီး စနောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရှူတင်နားရက်မှာ အားလုံးသဘောကျ ပျော်ရွှင်သွားစေနိုင်လောက်တဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလာခဲ့တဲ့အတွက် ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ အားလုံးအတွက် အပျော်တွေ ဖန်ဆင်းပေးရင်း သူငယ်ချင်းတွေရဲ့ စနောက်တာကို ခံခဲ့ရတဲ့ ကျော်ကျော်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျတယ်ဆိုရင် မျှဝေပေးလိုက်ကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ ကျော်ကျော်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော် ချစ်ပရိသတ်ကြီးရေ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Kyaw Naing Oo’s Facebook

Comments are closed.