မိဘကို ကျွန်တစ်ယောက်လိုဆက်ဆံသူတွေအတွက် ပညာပေးဇာတ်လမ်းတိုလေး မျှဝေပေးလာတဲ့ ဖြူဖြူထွေး

မိဘကို ကျွန်တစ်ယောက်လိုဆက်ဆံသူတွေအတွက် ပညာပေးဇာတ်လမ်းတိုလေး မျှဝေပေးလာတဲ့ ဖြူဖြူထွေး

ဟာသ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေး ဟာဆိုရင် ဟာသတွေနဲ့ ပရိသတ်တွေ ကျေနပ်နှစ်သက်မှုရှိအောင် ဖျော်ဖြေတင်ဆက် ပေးနေဆဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ စကားပြောဆိုရာမှာလည်း အရမ်းရိုးသားပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့်ပါ ပရိသတ်အများက သဘောကျ အချစ်ပိုနေခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။

အများရဲ့ သဘောကျ အချစ်ပိုမှုကို ရရှိထားခဲ့ရတဲ့ သူမကတော့ လတ်တလောမှာလည်း မိဘတွေကို ကျွန်တစ်ယောက် လက်ညိုးထိုးပြီး ခိုင်းတဲ့သားသမီးတွေအတွက် ပညာပေး ဇာတ်လမ်းတိုလေး တစ်ပုဒ်ကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ပညာပေး ဇာတ်လမ်းတိုလေးကိုကြည့်တဲ့ ကြည့်ရှုသူပရိသတ်အပေါင်းတို့က အရမ်းကို ဝမ်းနည်းမိပြီး မျက်ရည်ကျခဲ့ကြရတာပဲ ဖြစ်ပါတယ်။

မိဘကို ကျွန်လိုခိုင်းစေတဲ့ သားသမီးတွေကို နောင်မှနောင်တမရစေဘဲ အချိန်မလွန်ခင် ပညာပေးဇာတ်လမ်းတိုပေး မျှဝေပေးပြီး သတိပေးလိုက်တဲ့ ဖြူဖြူထွေးကတော့ ” ဖြူဖြူထွေး အမေ တဖြစ် သမီးတဖြစ် လဲ အမေ့ကို ကျေးဇူးဆပ်ကြပါ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မိဘကို ကျွန်တစ်ယောက်လို ဆက်ဆံသူတွေအတွက် ပညာပေးဇာတ်လမ်းတိုလေးတစ်ပုဒ် မျှဝေပေးလာတဲ့ ဖြူဖြူထွေးရဲ့ Video

အမတစ်ယောက်နေရာမှာရော သမီးတစ်ယောက်နေရာမှာပါ အပီအပြင် သရုပ်ဆောင်ပေးထားခဲ့တဲ့ ဖြူဖြူထွေးရဲ့ သရုပ်ဆောင်ကွက်တွေကို ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ မိဘတွေကို ကျွန်တစ်ယောက်လို သဘောထား လက်ညိုးထိုးပြီး ခိုင်းစေကြတဲ့ သားသမီးတွေအတွက် ဖြူဖြူထွေးရဲ့ ပညာပေးဇာတ်လမ်းတိုလေးကို မျှဝေပေးလိုက်ကြဖို့ မမေ့ပါနဲ့ဦးနော်။ ချစ်ပရိသတ်တွေကတော့ မိဘကျေးဇူးသိတတ်တဲ့ လူလိမ္မာတွေဖြစ်မယ်လို့ ထင်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Phyu Phyu Htwe’s Facebook

Comments are closed.