ဖိုးလပြည့်နဲ့က အမြဲတပူးတွဲတွဲဖြစ်နေမှာပဲဆိုတဲ့နေခြည်ဦး

ဖိုးလပြည့်နဲ့က အမြဲတပူးတွဲတွဲဖြစ်နေမှာပဲဆိုတဲ့နေခြည်ဦး

Beauty Blogger ဘဝကနေ မင်းသမီးတစ်လက်ပီပီပြင်ပြင်ဖြစ်လာတဲ့ နေခြည်ဦးဟာ ဇာတ်ကားတော်တော်များများရိုက်ကူးထားပြီဖြစ်သလို ပရိသတ်အခိုင်အမာရထားတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက နေခြည်ဦးနဲ့ နေတိုးပါဝင်တဲ့ရုပ်ရှင်ရိုက်ကွင်းမှာ ဖိုးလပြည့်ကိုပါ နေခြည်ဦးနဲ့စနောက်ပျော်ရွှင်နေတာကိုမြင်ခဲ့ရတာကြောင့် ပရိသတ်တွေကြားမှာ နေခြည်နဲ့ဖိုးလပြည့်ရဲ့ဆက်ဆံရေးက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ နေခြည်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ပရိသတ်တွေသိချင်နေကြတဲ့ ဖိုးလပြည့်နဲ့ဆက်ဆံရေးအကြောင်းနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို ဖြေကြားသွားခဲ့ပါတယ်။

နေခြည်က လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ နေတိုးနဲ့ရိုက်ကူးနေတဲ့ အခမ်းနားဆုံးမေတ္တာဇာတ်ကားကြီးအကြောင်းကို “အခမ်းနားဆုံးမေတ္တာက ပထမဆုံးတစ်ရက်ပဲရိုက်ရသေးတာ။ ကိုဖိုးလနဲ့ရိုက်တဲ့ scene ပဲရှိသေးတာပေါ့နော်။ ဒါကလည်း ကိုဖိုးလက Europe သွားမယ်ဆိုလို့နေခြည်တို့ရိုက်လိုက်တာ။ နေခြည်တို့တကယ်တမ်းစရိုက်မှာကတော့ ၁၅ ရက်နေ့ပါ။ပြင်ဆင်မှုကတော့ နေခြည်တို့ ကိုးဆယ်ရာခိုင်နှုန်းလောက်ထိတော့ပြီးသွားပြီပေါ့နော်။”လို့ ပြောပြထားပါတယ်။

ဖိုးလပြည့်နဲ့ဆက်ဆံရေးကိုတော့နေခြည်ဦးက “နေခြည်တို့က သူငယ်ချင်းဆိုတော့ အမြဲတမ်းတိုင်တိုင်ပင်ပင်လုပ်ဖြစ်တယ်။ သူလည်းအနုပညာလုပ်တယ်ဆိုတော့ တစ်ခုခုဆိုနေခြည်ကအမြဲတမ်းပြောပြတယ်။ရင်ဖွင့်တယ်။ တိုင်ပင်တယ်။ဆွေးနွေးတယ်။ နောက်ပိုင်းအနုပညာအတူတူုလုပ်ဖြစ်တာမလုပ်ဖြစ်တာထက်နေခြည်တို့နစ်ယောက်က အမြဲတမ်းတော့ အတူတူတပူးတွဲတွဲတော့ဖြစ်နေမှာပါပဲ”လို့ ပြောပြထားပါတယ်။

နေခြည်ဦးက ဖိုးလပြည့်ဟာသူ့အတွက်အစ်ကိုအရင်းလိုပဲလို့ “အသက်ကနှစ်နှစ်ကွာတယ်ဆိုတော့ အစ်ကိုလိုမျိုးဖြစ်တာပေါ့နော်။ နေခြည့်မှာက အစ်ကိုမရှိတော့ သူကအစ်ကိုအရင်းလိုဖြစ်နေတာ။ သူနဲ့ကျတော့အနုပညာလုပ်မှမဟုတ်ဘူး။ကျောင်းထဲကခင်တာဆိုတော့ ကိုယ့်လူမှုရေးကိစ္စ၊ personal ကိစ္စတွေလည်းအများကြီးပြောဖြစ်တယ်။ စီးပွားရေးဘက်မှာလည်း သူအကြံညဏ်ပေးတာရှိသလို အနုပညာဘက်မှာဆိုရင်လည်းသူလည်းအကြံပေးနေခြည်ကလည်းအကြံပေးဆိုတော့ နေခြည်တို့နှစ်ယောက်က Best Friend တော့မဟုတ်ဘူးပေါ့နော်။ မောင်နှမလိုမျိုးပါပဲ’’ လို့ရင်ဖွင့်ထားပါသေးတယ်။

ကားရိုက်ရတဲ့အခက်အခဲတွေကိုတော့ နေခြည်က “ပထမဆုံးရိုက်တာမှာအခက်အခဲလေးတွေရှိတယ်။ အင်္ကျီအဆင်မပြေတာတို့ မိတ်ကပ်အဆင်မပြေတာတို့ နေခြည့် flow မကြိုက်တာတို့ဆို နေခြည်တို့ပြန်စရိုက်ပါမယ်”လို့ ပြောထားပြီး ကိုနေတိုးနဲ့ဆုံပြီးပေမယ့်ရှိန်တုန်းပဲလို့ “အခုထိရှိန်တုန်းပါပဲ။ ဒါပေမယ့် နေခြည်က အင်တာဗျူးတိုင်းမှာ သူ့ကိုရှိန်တယ်ရှိန်တယ်ပြောပြောနေတော့ နေခြည်က ရှိန်တယ်ဆိုတာ ကြောက်တာမဟုတ်ဘူး။ respect တစ်ခုပေးထားတာ။ နေခြည့်ရဲ့ Idol မင်းသားတစ်ယောက်နဲ့ရိုက်ရတာဖြစ်တဲ့အတွက် ဂုဏ်ယူတယ်။ ကြောက်တယ်။ချစ်တယ်။ ချစ်ကြောက်ရိုသေပဲ”လို့ရယ်မောရင်းဖြေကြားထားပါတယ်။

့ပရိသတ်ကြီးရော နေခြည်ဦးကိုချစ်ကြလား။ နေခြည်နဲ့ ဖိုးလပြည့်တို့အနုပညာတွေအတူတူလုပ်ရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.