အပေးအယူမျှမျှ လိုက်ဖက်ညီညီ သရုပ်ဆောင်နေကြတဲ့ ရိုက်ကွင်းပေါ်က ချမ်းမင်းရဲထွဋ်နဲ့ သင်ဇာဝင့်ကျော်

အပေးအယူမျှမျှ လိုက်ဖက်ညီညီ သရုပ်ဆောင်နေကြတဲ့ ရိုက်ကွင်းပေါ်က ချမ်းမင်းရဲထွဋ်နဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အချစ်တွေကို အဘက်ဘက်ကနေ အခိုင်အမာ သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချော ချမ်းမင်းရဲထွဋ်နဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချော သင်ဇာဝင့်ကျော်တို့လည်း မပါမဖြစ်ပါပဲ ..။

ချမ်းမင်းရဲထွဋ်ကတော့ ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသလို မိန်းကလေးအချင်းချင်းတောင် အားကျပြီး လည်ပြန်ငေးရလောက်အောင် အချိုးအစားကျတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေနဲ့ ပုရိသတွေရဲ့ အသည်းတွေကို ဆွဲကိုင်လှုပ်ထားသူလေးကလည်း သင်ဇာလေးပါပဲနော်..။

မိန်းကလေးပရိသတ်တွေ၊ ယောင်္ကျားလေးပရိသတ်တွေ အသီးသီးနဲ့ ကိုယ်စီကိုယ်စီ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့ချစ်တဲ့ သူတို့အနုပညာရှင်နှစ်ဦးကတော့ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း “သူ ဘယ်သူလဲ” ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး အပေးအယူမျှမျှနဲ့ လိုက်ဖက်ညီစွာ သရုပ်ောဆင်ရိုက်ကူးနေတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို စိတ်ဝင်စားစေပါတယ်နော်..။“သူ ဘယ်သူလဲ..” ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ မေဘရဏီက ပုံဖော်ရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ ပိုင်တံခွန်၊ ချမ်းမင်းရဲထွဋ်၊ နေလင်းရှိန်၊ သင်ဇာဝင့်ကျော် တို့က အဓိက သရုပ်ဆောင်သွားမှာဖြစ်ပါတယ်နော်..။

ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေေးတွကိုလည်း ချမ်းမင်းရဲထွဋ်က ချစ်ပရိသတ်တွေအတွက်လည်း မျှဝေထားတာမို့ အားလုံးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – ချမ်းမင်းရဲထွဋ်

Comments are closed.