အမြဲတမ်းချစ်နေရတာ ပျင်းလို့ တစ်ခါတလေအကြောင်းမရှိပဲ စိတ်ကောက်ချင်တယ် ဆိုတဲ့ ပက်ထရစ်ရှာ

အမြဲတမ်းချစ်နေရတာ ပျင်းလို့ တစ်ခါတလေအကြောင်းမရှိပဲ စိတ်ကောက်ချင်တယ် ဆိုတဲ့ ပက်ထရစ်ရှာ

နိုင်ငံခြားမင်းသမီးလို ဆွဲဆောင်မှုရှိရှိ ချောမောလှပတဲ့ ပက်ထရစ်ရှာကို Myanmarload TV ကနေသွားရောက် အင်တာဗျူးဖြေကြားခဲ့တာဖြစ်ပါတယ်..။ သူမရဲ့ ပွင့်လင်းရိုးသားမှုနှင့် သဘောကောင်းပုံတို့ကို အထင်သားမြင်တွေ့ကြရမှာပါ…။ ပက်ထရစ်ရှာဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပသူဖြစ်ပြီး social media လောကမှာ ပုရိသတိုင်းစွဲမက်ရလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာပါနော်…။ ပက်ထရစ်ရှာဟာ ခေတ်မှီသူပီပီ အတိုအပြတ်လေးတွေဝတ်စားဆင်ယင်တက်ပေမယ့် အမြင်မရိုင်းဘဲ ဖက်ရှင်ကျကျ ဆန်းသစ်လှပနေတာပါ..။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေ ဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်း အတော်များများကိုလည်းလက်ခံရိုက်ကူးထားတာပါနော်…။ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေထွက်လေ့ရှိပြီး ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုလည်းအမြဲမြဲလို တင်ဆက်ပေးလေ့ရှိတာပါ..။ ပက်ထရစ်ရှာဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းလက်ခံရိုက်ကူးလာရပြီး “မဖဲဝါ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားကြောင်းသိရှိရပါတယ်..။ ပက်ထရစ်ရှာရဲ့ ရေကူးကန်ထက်က အမိုက်စားပုံရိပ်တွေဟာဆိုရင်လည်း တစ်ကယ့်ကို ရှုမြင်စဖွယ်ကောင်းတာဖြစ်ပါတယ်…။

Myanmarload Tv ရဲ့ မေးခွန်းများကို အခုလိုသေချာစွာဖြေကြားခဲ့ပါတယ်..။ “သူတို့က ကြိုက်ပြီဆို လက်ထပ်ဖို့ဘာဖို့တွေပါ ပြောတယ် ကိုယ်ကကျ အဲ့လောက်ကြီးထိစဉ်းစားပြီးတွဲနေတာမဟုတ်ဘူး အိမ်ထောင်မပြုချင်သေးဘူး လွပ်လွပ်လပ်လပ်နေချင်သေးတယ်” လို့ဆိုပြီး ပက်ထရစ်ရှာရဲ့ လူငယ်ပီသတဲ့ စိတ်ထားလေးကို ပရိသတ်တွေအားလုံးသိရှိပြီးသားဖြစ်မှာပါနော်..။ ဒါ့အပြင် ” မျက်နှာကြီးဖောင်းပြီး ဝတုတ်လာလို့ စိတ်ညစ်နေတာ အခုတော့ Gym ဆော့နေပါတယ်” ဆိုတဲ့ ကိုယ့်ကိုယ်ကို အားမလျော့ဘဲ အလှအပရေးရာမှာလည်း ဂရုစိုက်ကြောင်းသိရှိရမှာပါ…။ ဒီထက်မက ပက်ထရစ်ရှာရဲ့ အချစ်ရေး အကြောင်းအရာတွေကိုတော့ Mltv ရဲ့ ဗီဒီယိုဖိုင်လေးမှာ အသေးစိပ်ဖော်ပြထားပါတယ်…။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source Mltv

Comments are closed.