အကယ်ဒမီပေးပွဲတုန်းကကိစ္စနဲ့ ဦးဇင်ဝိုင်းဆီသွားခဲ့တဲ့အကြောင်းပြောပြာလာတဲ့ သင်းသင်းရဲ့ဗီဒီယို

အကယ်ဒမီပေးပွဲတုန်းကကိစ္စနဲ့ ဦးဇင်ဝိုင်းဆီသွားခဲ့တဲ့အကြောင်းပြောပြာလာတဲ့ သင်းသင်းရဲ့ဗီဒီယို

မော်ဒယ်၊ အလှမယ် သင်းသင်းကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပရိသတ်တေရဲ့ အထူးစိတ်ဝင်စားခြင်းခံနေရသူတစ်ဦး ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်းသင်းက အဆိုတော် ကျော်ကျော်နန္ဒရဲ့မွေးနေ့ပါတီပွဲကို တက်ရောက်ခဲ့ပြီး ပရိသတ်တွေ သိလိုသမျှမေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ သင်းသင်းက ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲတုန်းက ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းလင်း ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

သင်းသင်းပြောကြားခဲ့တာကတော့ ” အကယ်ဒမီပေးပွဲမတက်ခင်ကတည်းက Blacklist ထည့်တယ်ဆိုပြီး လုပ်တဲ့အနေအထား ရုပ်ရှင်လောကမှာ ဘာနဲ့ကိုယ့်ကို Blacklist ထည့်မှာလဲ “ဆိုပြီး ပြောခဲ့သလို “အကယ်ဒမီပေးပွဲတုန်းကလည်း လူလည်ခေါင်မှာ ဖိတ်စာတစ်ခုကို သူများပစ္စည်းတစ်ခုကို ခွင့်မတောင်းဘဲနဲ့ ယူဆွဲကြည့်တာ ဘယ်အနေအထားရောက်သွားလဲ ပြန်စဉ်းစားသင့်ပါတယ်။ လက်ထဲက ပစ္စည်းဆိုတာ ခွင့်တောင်းရမှာ မဟုတ်ဘူးလား လူလည်ခေါင်မှာ ဆွဲပြီးယူကြည့်ရေအောင် ကိုယ်က သူခိုးမှမဟုတ်တာ” ဆိုပြီးလည်း အကယ်ဒမီပေးပွဲက ကိစ္စကို ပြောပြခဲ့ပါတယ် ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သင်းသင်းက ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇင်ဝိုင်းဆီ သွားရောက်ခဲ့ပုံကိုလည်း ဆက်လက်ပြောပြခဲ့ပါတယ်။ “ဦးဇင်ဝိုင်းဆီသွားတာက ရုပ်ရှင်အစည်းအရုံးနဲ့ ပြသာနာတက်တာမဟုတ်ပါဘူး အကြီးအကဲတစ်ယောက်အနေနဲ့ သွားပြောပြခဲ့တာပါ ဦးဇင်ဝိုင်းကလည်း နားလည်မှုလေးလွဲသွားတာပါဆိုပြီး အေးဆေးပြောပြခဲ့ပါတယ် သမီးဝါသနာပါရင် အနုပညာအလုပ်ကို ဆက်လုပ်ပါ လူမှုရေးကိစ္စနဲ့ မဆိုင်ပါဘူး … သင်တန်းဖွင့်ရင်လည်း လာတက်ပါဆိုပြီး ဦးဇင်ဝိုင်း ကိုယ်တိုင် ပြောခဲ့ပါတယ်” ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုသိရှိစေဖို့ သင်းသင်းရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Myanmarload TV;

Comments are closed.