မနက်စောစော Sedona Hotel မှာ Cardio Boxing အပြင်းအထန်လုပ်နေတဲ့ နေခြည်ဦး

မနက်စောစော Sedona Hotel မှာ Cardio Boxing အပြင်းအထန်လုပ်နေတဲ့ နေခြည်ဦး

Beauty Blogger လည်းဖြစ် Model သရုပ်ဆောင်လည်းဖြစ်တဲ့ နေခြည်ဦးတစ်ယောက် မနက်ခင်းစောစောစီးစီး Sedona Hotel မှာ Cardio Boxing လေ့ကျင်းခန်းပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ အဓိက နှလုံးသွေးလည်ပတ်မှုအားကောင်းအောင် ပြုလုပ်တာဖြစ်ပြီး လူတိုင်း ကျန်းမာရေးအတွက်လုပ်သင့်လုပ်ထိုက်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။ အနုပညာရှင်လည်းဖြစ် အလှအပရေးရာကို လမ်းညွှန်ပေးတဲ့ Blogger လည်း ဖြစ်တော့ ချီချီတစ်ယောက် အပြတ်အသတ်ကိုကြိုးစားနေပုံပါပဲ။

ချစ်သူနဲ့လည်းသိပ်မတွေ့ပဲ ကိုယ့်အနုပညာအလုပ်တွေကိုပဲ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူမရဲ့ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ Year Planner စာအုပ်လေးကိုလည်း ထုတ် ဝေပြီး ထင်ထားတာတက် အများကြီးပိုရောင်းရခဲ့ပါတယ်။ သူမက Beauty Blogger တစ် ယောက်ဖြစ်တာမို့ မိန်းကလေးပရိသတ်တွေအများအပြားရှိပြီး သူမကိုလည်း သိပ်ချစ်ပြီး အားပေးကြပါတယ်။ မိန်းကလေးအများစုရဲ့ Idol တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီနေ့မနက်စောစောမှာတော့ ချီချီတစ်ယောက် အပြတ်အသတ် Work out တွေ လုပ်နေ တဲ့ သူမရဲ့ Video လေးကို ” No Pain No Gain Morning Cardio ” ဆိုပြီး လူမှုကွန်ယက် မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အကောင်းဆုံးအချိန်ကတော့ မနက်စောစောနဲ့ ရေချိုးခါနီးပါပဲ။ ပရိသတ်ကြီးလည်း ကိုယ်လက် လေ့ကျင့်ခန်းလေးလုပ်ပြီး ကျန်းမာရေးဂရုစိုက်ကြပါနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – Nay Chi Oo

Comments are closed.