ခေါင်းပေါ်ကို ရေတွေလောင်းချနေတာတောင် တစ်ချက်လေးမှ ပိုစ့်အပေးမပျက်တဲ့ နေခြည်ဦးရဲ့ဗီဒီယို

ခေါင်းပေါ်ကို ရေတွေလောင်းချနေတာတောင် တစ်ချက်လေးမှ ပိုစ့်အပေးမပျက်တဲ့ နေခြည်ဦးရဲ့ဗီဒီယို

သူမစိတ်ထဲမှာရှိတာတွေကို အရိုးရှင်းဆုံးနဲ့ အပွင့်လင်းဆုံး ပြောတတ်တဲ့ ချစ်စရာ အပြုအမူလေးတွေကြောင့် ပရိသတ်တွေကြားမှာ တရှိန်ထိုး နာမည်ကြီးလာတဲ့ Beauty Bloggerမလေး နေခြည်ဦးကတော့ အနုပညာပါရမီပါသူတစ်ဦးမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ နေခြည်ဦးက ကြော်ငြာတစ်ခုကို Mood အပြည့်နဲ့ ရိုက်ကူးနေတဲ့ သူမရဲ့ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာ တွေ့ရပါတယ်။

CKC Jewelery ကြော်ငြာ ရိုက်ကူးနေတာဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ခေါင်းပေါ်ကနေ ရေတွေလောင်းချကာ ရိုက်ကူးရေးလုပ်နေရပေမယ့်လည်း မျက်နှာတစ်ချက်လေးမပျက်ပဲ ပိုစ့်တွေပေးနေတာ တွေ့ရပါတယ်။ အနုပညာအလုပ်လုပ်နေရရင် ပျော်နေတဲ့ ချီချီလေးကတော့ ရိုက်ကူးရေးက ပင်ပန်းပေမယ့်လည်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အနုပညာရှင် ပီသတဲ့ စိတ်ထားလေးရှိတဲ့ နေခြည်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ “Will you still love me?” ဆိုပြီး ဒီလိုလေးဆိုရင်ရော သူမကိုချစ်သေးရဲ့လားလို့ ချစ်စဖွယ်လေး မေးခွန်းထုတ်ထားပါသေးတယ်။

အလုပ်ကို စိတ်ရှည်ရှည်နဲ့ အကောင်းဆုံးလုပ်နေတဲ့ ​နေခြည်​ဦးရဲ့ဗီဒီယို

အလုပ်တစ်ခုကို စတင်လိုက်ကတည်းက ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ကြိုးစားမှုကို မလျှော့ပဲ ရှေ့ဆက်လာတဲ့ ချီချီကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ချီလီလေးတွေက အကယ်ဒမီရ မင်းသမီးတစ်ဦးအနေနဲ့ မြင်ချင်နေကြပါပြီ။ ချစ်ပရိသတ်တွေလည်း အနုပညာအလုပ်တွေကို ကြိုးစားပြီးလုပ်ကိုင်နေတဲ့ ချီချီလေးကို ပိုချစ်ပေးလိုက်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.