ဟင်္သာမောင်နှံလေးလို လိုက်ဖက်လွန်းစွာ တွေ့ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်များ

ဟင်္သာမောင်နှံလေးလို လိုက်ဖက်လွန်းစွာ တွေ့ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်များ

ပြည်သူချစ် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီဟာ တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲပြီးဖြစ်စေ ပရိသတ်တွေကြားမှာ ရေပန်းစားသူပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက ကျင်လည်တဲ့ အနုပညာနယ်ပယ်ချင်းမတူညီကြပေမယ့် နောက်ပိုင်းမှာတော့ ရွှေထူးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးသလို ရွှေမှုံကလဲ သီချင်းတွေ သီဆိုနေပြီဖြစ်ပါတယ်။။ ရွှေထူးနဲ့ ရွှေမှုံရတီတို့က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ကိုယ်စီ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေကြပေမယ့် သာယာတဲ့ အိမ်ထောင်ရေးလေးဖြစ်အောင် ကြိုးစားနေကြတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးက အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာမှ ပိုပြီး အောင်မြင်မှုတွေရရှိလာခဲ့တာကို သတိထားမိကြမှာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့က ပွဲအခမ်းအနားတွေကိုလည်း အတူတူ တက်ရောက်နေလျက်ရှိတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက မေလ(၇) ရက်နေ့က ကျင်းပတဲ့ Huawei Mobile နဲ့ POSH Magazine – Myanmar တို့ ပူးပေါင်းတင်ဆက်ထားတဲ့ Posh Runway 2019 ဖက်ရှင်ပွဲကြီးကို အတူတူ တက်ရောက်ခဲ့ကြပါတယ်။

ရွှေထူးက ရွှေမှုံလေးကို စိတ်ချမ်းသာအောင်ထားလို့ ရွှေမှုံလေးက အရင်ကထက်ကိုပိုပြီး ရင့်ကျက်တည်ငြိမ်စွာနဲ့ လှနေတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့က နိုဝင်ဘာလ (၁၁) ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၆) လ တာမျှ ရှိနေပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ကို ချစ်ကြတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံတို့ကတော့ ပရိသတ်တွေ အားကျနေရတဲ့ အတွဲလေးတစ်တွဲပါပဲနော်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၃၀) ရက်နေ့မှာ စတင်ရုံတင်ပြသမှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.