ကတိအတိုင်း ကချင်လူမျိုးတွေကို ကချင်ပြည်နယ်အထိ သွားရောက်တောင်းပန်ခဲ့တဲ့ ကျော်ကျော်နန္ဒ

ကတိအတိုင်း ကချင်လူမျိုးတွေကို ကချင်ပြည်နယ်အထိ သွားရောက်တောင်းပန်ခဲ့တဲ့ ကျော်ကျော်နန္ဒ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်”၊ “ဖြူစင်တဲ့အချစ်” စတဲ့သီချင်းတွေကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒက လွန်ခဲ့တဲ့ လပိုင်းက ပွဲအခမ်းအနားတစ်ခုမှာ ကချင်အမျိုးသားဝတ်စုံကို သရုပ်ပျက်ဝတ်ဆင်ခဲ့လို့ ကချင်လူမျိုးတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သက်ပြီး ကျော်ကျော်နန္ဒက သူ့ရဲ့အမှားအတွက် ချက်ခြင်းတောင်းပန်ခဲ့ပြီး ကချင်လူမျိုးတွေကို နောင်နောင် အခုလိုအဖြစ်မျိုး မဖြစ်စေဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကချင်လူမျိုးတွေကို သူကိုယ်တိုင် ကချင်ပြည်နယ်ကြီးဆီ လာရောက်တောင်းပန်ပါမယ်လို့ ကတိပေးထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ကျော်ကျော်နန္ဒက သူ့ရဲ့ ကတိအတိုင်း ကချင်ပြည်နယ်ကြီးဆီသွားပြီး ကချင်လူမျိုးတွေကို သွားရောက်တောင်းပန်ခဲ့ပါတယ်။ ကျော်ကျော်နန္ဒက “ကတိအတိုင်း ယ​နေ့ ကျ​နော်​ရဲ့ ကချင်​ရိုးရာ ဝတ်​စားဆင်​ယဉ်​မူပွဲတတ်​အမှားတစ်​ခု၏ အလွဲများကို မြစ်​ကြီးနာရှိ မ​နောင်း​မြေခန်​မတွင်​ တာဝန်​ရှိသူများနှင့်​ ​ဖြေရှင်​ပြန်​ကြား​တောင်းပန်​မူများပြုလုပ်​ခဲ့ပြီးဖြစ်​ပါသည်​။ အားလုံးကကျ​နော်​အား​နွေး​ထွေးစွာကြိုဆိုသည့်​အတွက်​အရမ်းပင်​ဝမ်း​မြှောက်​ခဲ့ရပါသည်​။”

“ထက်​မံပြီးကျ​နော်​ကဲ့သို့ တိုင်းရင်းသားရိုးရာဝတ်​စုံများကို မဝတ်​ကြဖို့ရန်​နှင့်​ ပြည်​​ထောင်​စုပွားတိုင်​ရင်းသားများကိုချစ်​ခင်​စွာ ရင်းနှီး ချစ်​ခင်​မူ​စေချင်းအလိုငှါသွား​ရောက်​ခြင်းလည်းဖြစ်​ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါ​စေဗျ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ကျော်ကျော်နန္ဒကတော့ သူ့ရဲ့ကတိအတိုင်း မြန်မာဝတ်စုံလေးကို သေသေချာချာဝတ်ပြီး ကချင်တိုင်းရင်းသားတွေကို တောင်းပန်စကားဆိုခဲ့တာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားတွေလဲ အခုလိုဆိုရင် ကျော်ကျော်နန္ဒအပေါ် အမြင်ရှင်းသွားလောက်ပြီ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.