ဟုတ်မှဟုတ်ရဲ့လားလို့ နှစ်ခါပြန်ကြည့်ယူရမယ့် မိုးစက်ဝိုင်ရဲ့ ပြောင်းလဲသွားတဲ့ ပုံရိပ်တစ်ချို့

ဟုတ်မှဟုတ်ရဲ့လားလို့ နှစ်ခါပြန်ကြည့်ယူရမယ့် မိုးစက်ဝိုင်ရဲ့ ပြောင်းလဲသွားတဲ့ ပုံရိပ်တစ်ချို့

Miss Universe Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ မိုးစက်ဝိုင်ဟာ လက်ရှိမှာ ဆိုရင် နာမည်ကြီး မော်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်နေပြီပဲဖြစ်ပါ တယ်။ မိန်းကလေးဖြစ်ပေမယ့် အမျိုးသားတွေနဲ့တန်းတူ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်နဲ့ လှပလွန်းတဲ့ အသွင်အပြင်လေး ကြောင့် သူမဟာ Professional Model တစ်ယောက် အဖြစ် အောင်အောင်မြင်မြင်ရပ်တည်နေတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားအဖြစ်နဲ့ ” ပက်ပက်စက်စက်ညို့ ” ဇာတ်ကားကိုလည်း ရိုက်ကူးပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါသေး တယ်။

ကိုယ်ပိုင်စီးပွားရေးအဖြစ် Mozey အမည်နဲ့ Thanakha Face Mask ကိုလည်း ထုတ်လုပ်ထားပြီး ဒီကုန်ပစ္စည်း ဟာလည်း ရောင်းအားကောင်း နေတဲ့ ထုတ်ကုန်လေး တစ်ခု ဖြစ်လို့နေပါတယ်။ အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်ရှိနေသလို ပရဟိတလုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး တကယ့်ကိုပြည်သူ့ အကျိုးပြု Miss တစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့အဖြူရောင်ဂါဝန်နဲ့ ပုံရိပ်လေးတွေဟာ တကယ်ကိုကြွေချင်စရာကောင်းလွန်းနေပါ တယ်။ နဂိုဆံပင်အရှည်လေးဟာ ခပ်တိုတိုလေးဖြစ်သွား ပြီး တစ်ခေါင်းလုံးကို အလိပ်ကလေးတွေကောက်ထားတဲ့ပုံက ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်လို နုပျိုသွားစေလောက်ပါရဲ့ ပရိသတ်ကြီးရေ။ တည်ငြိမ်တဲ့မမကနေ ချစ်စရာကောင်းတဲ့ ကလေးလေးပုံစံပြောင်းလဲသွားတဲ့ မိုးစက်ဝိုင်ရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – Moeset Wine

Comments are closed.