ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့သားလေးကို တစိမ့်စိမ့်ကြည့်နေပြီး ကြည်နူးပြုံးပျော်နေတဲ့ နန်းမြတ်

ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့သားလေးကို တစိမ့်စိမ့်ကြည့်နေပြီး ကြည်နူးပြုံးပျော်နေတဲ့ နန်းမြတ်

အဆိုတော် ၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ လက်ရှိမှာ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ ဝိုင်းချစ်နေရတဲ့ နန်းမြတ်က ကလေးမေမေဖြစ်သွားတာတောင်မှ အရင်ကအတိုင်း အလှမပျက်ဘဲ နုပျိုနေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် နန်းမြတ်က သားဦးလေးကို ဂရုတစိုက်နဲ့ ပြုစုပေးနေတာ ဖြစ်ပါတယ်။

အိမ်ထောင်ရေးကံကောင်းခဲ့တဲ့ နန်းမြတ်က ခင်ပွန်းသည်ရဲ့ ယုယကြင်နာမှုတွေကို အပြည့်အဝ ရရှိခဲ့တာကြောင့် အမြဲပြုံးပျော်နေရသူလေး ဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ နန်းမြတ်တို့ဇနီးမောင်နှံက သားလေးမွေးပြီးနောက်ပိုင်းမှာလည်း အရင်ကထက်ပိုတိုးလို့ ပျော်ရွှင်လာရပါတယ်။ အခုလည်း နန်းမြတ်က သားလေး Jack Jack နဲ့အတူ ရိုက်ကူးထားတဲ့ ချစ်စရာပုံလေးတွေကို အသစ်တင်ပေးထားပါတယ်။

နန်းမြတ်က ” Happy Saturday ” ဆိုပြီး ပိတ်ရက်မှာ မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ သားလေးကိုအရမ်းချစ်တဲ့ မေမေနန်းမြတ်က Jack Jack လေးကို မိခင်ရင်ငွေ့ပေးပြီး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ နန်းမြတ်ဖြိုးသင်းတို့မိသားစုလေးရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Nan Myat Phyo Thinn;

Comments are closed.