နေမင်း စီးနင်းလိုက်ပါသွားတဲ့ လေယဉ်မှာ ရှေ့ဘီးချမရခဲ့လို့ အသက်အန္တရာယ် နဲ့ကြုံတွေ့ခဲ့ရ

နေမင်း စီးနင်းလိုက်ပါသွားတဲ့ လေယဉ်မှာ ရှေ့ဘီးချမရခဲ့လို့ အသက်အန္တရာယ် နဲ့ကြုံတွေ့ခဲ့ရ

နိုင်ငံကျော် သရုပ်ဆောင် နေမင်းဟာဆိုရင် ပရိသတ်တွေ အားပေးမှုများစွာရရှိထားတဲ့ အနုပညာရှင် ပါ။ နေမင်းက ရန်ကုန်ကနေ မန္တလေး ကို MNA မြန်မာ့အမျိုးသားလေကြောင်း နဲ့ သွားခဲ့ရာမှာ အသက်အန္တရာယ် နဲ့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

နေမင်း စီးနင်းလိုက်ပါသွားတဲ့ ရန်ကုန်မှမန္တလေးသို့ပျံသန်းသည့် Flight အမှတ် UB 103 MNA မြန်မာ့အမျိုးသားလေကြောင်းမှ ဘရာဇီးလ်နိုင်လုပ် Embraer 120 လေယာဉ်သည် ဒီနေ့ မနက် ၀၈:၂၀ ချိန် မန္တလေးအင်တာနေရှင်နယ်လေဆိပ်သို့အဆင်းတွင် ရှေ့ဘီးချမရခဲ့ ( Landed Gear ) သဖြင့် လေယာဉ်မေးဖျားလေးဖြင့်ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။

နေမင်း မှလည်း ခုလိုပြောထားပါတယ် ” ဘဝမှာ တစ်ခါမှမကြုံဖူးခဲ့တဲ့အတွေ့အကြုံပါပဲ၊ ကံသီပေလို့ပေါ့။ အရေးပေါ်ချွတ်ယွင်းပြီး ရှေ့ဘီးချမရလို့ အမျိုးမျိုးကြိုးစားမောင်းနှင်ပြီးမှ မရတော့တဲ့အဆုံး လေယဉ်ဆီကုန်ခါနီးမှာ နောက်ဘီးတွေမှေးချပြီး အရှိန်နဲ့ရှေ့ဝမ်းပိုက်နဲ့ရှောဆင်းခဲ့တာ မီးခိုးလေးတွေနည်းနည်း ထွက်ခဲ့ပေမဲ့ အရေးပေါ်အမြန်ဆင်းပြေးခဲ့ရတာ အားလုံးကံကောင်းခဲ့ကြပါတယ်။MNA လေယဉ်မှုးကြီး ဦးမြတ်မိုးအောင်အဖွဲ့သားအားလုံးလည်း တကယ်တော်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ချီးကျူးပါတယ်ခင်ဗျား။စိတ်ပူပြီးတော့ ဖုန်းတွေချက်ချင်းဆက်မေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။လေယာဉ်မှုးကြီး ကို အထူးကျေးဇူးတင်ပါရစေဗျာ” ဆိုပြီးပြောထားပါတယ်။

eနေမင်း က ” လေယာဉ်ပျက် တဲ့ထဲမှာ ကိုယ်ပါဝင်ဘူးခဲပြီ ဘဝမှာအမှတ်တရ အဖြစ် ထာဝရမမေ့နိုင်တော့ပြီ🙏ခုဖြစ်နေတာပါအသက်အန္တရယ်ဘေးကင်းခဲ့ပါပြီ” လို့လည်း ပြောထားပါသေးတယ်။

နေမင်း စီးနင်းလိုက်ပါသွားတဲ့ လေယဉ်မှာ ရှေ့ဘီးချမရခဲ့လို့ အသက်အန္တရာယ် နဲ့ကြုံတွေ့ခဲ့ရ တဲ့ Video File

နေမင်း စီးနင်းလိုက်ပါသွားတဲ့ လေယဉ်မှာ ရှေ့ဘီးချမရခဲ့လို့ အသက်အန္တရာယ် နဲ့ကြုံတွေ့ခဲ့ရ တဲ့ Video File

သရုပ်ဆောင် နေမင်း အသက်အန္တရာယ်ကနေ ကံကောင်းလို့ လွတ်မြောက်ခဲ့တဲ့ အကြောင်း ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.